Laywaddy FM

မြောက်ဦး နဲ့ တောင်ကုတ် မှာ နေရပ်ပြန်ဝင်သူများ မြေမြုပ်မှိုင်း အန္တာရယ်ကြုံနေရ

မြောက်ဦး နဲ့ တောင်ကုတ် မှာ နေရပ်ပြန်ဝင်သူများ မြေမြုပ်မှိုင်း အန္တာရယ်ကြုံနေရ

ရခိုင်ပြည်၊တောင်ကုတ်မြို့ နဲ့ မြောက်ဦးမြို့ တို့မှာ ပြန်လည်ဝင်ရောက်နေထိုင်ကြတဲ့ စစ်ရှောင်ပြည်သူ တွေဟာ မြေမြုပ်မှိုင်းတွေ ကြောင့်မကြာခဏ ထိခိုက်မှုတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။

မေလ ၆ ရက် ညနေပိုင်းက တောင်ကုတ်မြို့ကံပိုင်ရပ်ကွက်က အသက် ၇၂ နှစ်အရွယ် ဉီးကျော်ထွန်း အမည်ရှိ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ လယ်တော ကို သွားရောက်တဲ့နေရာမှာ မိုင်းကိုနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“ဒီနေ့ညနေဖက်မှာသူတို့လင်မယားကလယ်တဲကိုသွားတာပါ ။သူတို့လယ်က စကခ ၅ အနီးမှာ ဆိုတော့စစ်ကောင်စီထောင်ထားခဲ့တဲ့ မှိုင်းကိုနင်းမိပြီးခြေပြတ်သွားတာပါ “လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် မြောက်ဦးမြို့ ထိပ်ပြင်ဝရွာ က မချယ်ရီသန်း နဲ့ သားဖြစ်သူ မောင် မောင် ခန့်ကျော်ဌေး (၁၄ နှစ်) တို့ဟာ စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး သားအမိနှစ်ယောက်လုံးပြင်းထန်ဒဏ်ရာ ရခဲ့ကြပါတယ်။

ရခိုင်ပြည်မြို့ အားလုံးနီးပါးမှာ စစ်ကောင်စီရဲ့ ထောင်ထားတဲ့မိုင်းတွေနဲ့ တိုက်ပွဲအတွင်းက စစ်ကျန်လက်နက် ပစ္စည်းတွေကြောင့် နေရပ််ပြန်ဝင်သူတွေ အခုလို မကြာခဏ ထိခိုက်မှုတွေရှိနေတာဖြစ်ပါတယ်။

အခုရက်ပိုင်းမှာ ကျေးရွာတွေ အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သူတွေ အနေနဲ့ စစ်ကောင်စီ စခန်းချခဲ့တဲ့နေရာ ပတ်ဝန်းကျင်တွေကို သတိထား သွားလာကြဖို့ AA က စာထုတ်ထားပါတယ်။

အမ်းချောင်းသူ လေး၀တီFM

Kay Zue

Related Posts

14 thoughts on “မြောက်ဦး နဲ့ တောင်ကုတ် မှာ နေရပ်ပြန်ဝင်သူများ မြေမြုပ်မှိုင်း အန္တာရယ်ကြုံနေရ

Leave a Reply

Your email address will not be published. Required fields are marked *