Laywaddy FM

သံတွဲ ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးမောင်မောင်ဖြူ နဲ့ အတွင်းရေးမှူးတို့ဟာ အသင်းပိုင်ငွေကြေးတွေကို အလွဲသုံးစားလုပ်နေ ကြောင်း အသင်းသားများဖွင့်ဟ

သံတွဲ ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးမောင်မောင်ဖြူ နဲ့ အတွင်းရေးမှူးတို့ဟာ အသင်းပိုင်ငွေကြေးတွေကို အလွဲသုံးစားလုပ်နေ ကြောင်း အသင်းသားများဖွင့်ဟ

သံတွဲမြို့နယ်ကုန်သည်ကြီးများ အသင်း ဥက္ကဌ နဲ့ အတွင်းရေးမှူးတို့ဟာ အဖွဲ့ဝင်တွေ ရဲ့ အစုရှယ်ယာ သိန်း သုံးထောင်ကျော်ကို အလွဲသုံးစားလုပ်နေတယ် လို့ အသင်းဝင်တွေက ပြောကြပါတယ်။

အသင်းဥက္ကဌ ဦးမောင်မောင်ဖြူ (လင်းဝတီ ကုမ္ပဏီ) နဲ့ အတူ အတွင်းရေးမှူး ဦးနိုင်လင်းအောင် (စိန်ကိုးပွင့်) တို့ဟာ အသင်းပိုင်ငွေတွေနဲ့ ကုန်သွယ်နေပြီး အသင်းဝင်တွေကို အကျိုးအမြတ်ခွဲမပေးတဲ့ အတွက် အသင်းသူအသင်းသားတွေက မကျေမနပ်ဖြစ်နေကြတာဖြစ်ပါတယ်။

“သူတို့ နဲ့အတူတူ အလုပ်လုပ်ချင်ရင် အသင်းဝင်ကြေး သိန်း ၂၀ ပေးရမယ် ဆိုပြီး စည်းရုံးတယ်၊ အသင်းဝင်အားလုံး ၆၂ ယောက်ရှိတယ်။ ပြီးတော့ အဲ့ဒီလူတွေ အကုန်လုံးက အစုရှယ်ယာကြေး သိန်း ၅၀ သိန်း ၁၀၀ ထပ်ထည့်ကြတယ် ၊ ကျွန်တော်တို့လည်း ကိုယ့်ဒေသ မှာ ဘာက ဘယ်လို အလုပ်စလုပ်ရမှန်း မသိတော့ သူတို့ ဆီမှာ အသင်းဝင် ကြတယ်။ ဒါတွေအကုန် လုံး သူတို့က ကိုင်ပြီး အခေါက်ခေါက်အခါခါ ကုန်ကူးတယ်။ အသင်းဝင်တွေကို ဘာမှ အကျိုးအမြတ်ခွဲမပေးဘူး” လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သံတွဲမြို့နယ် ကုန်သည်အသင်းဖွဲ့ခွင့်ရဖို့ အာရက္ခပြည်သူ့အစိုးရ ဆီမှာ စာတင်ရပြီး ၊ အသင်းဥက္ကဌ ကို သက်ဆိုင်ရာ ဗဟို အဖွဲ့က ရွေးချယ်ပေးတယ် လို့ ဆိုပါတယ်။ အသင်းကို ၂၀၂၄ စက်တင်ဘာမှာ ဖွဲ့စည်းခဲ့ပြီး စည်းမျဉ်းစည်းကမ်းအရ လေးလ တစ်ကြိမ် အကျိုးအမြတ်ခွဲဝေ ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူ့ကို ဗဟိုက ခန့်ထားတာ ၊ ဗိုလ်ချုပ် ယောက္ခမ နဲ့ ရင်းနှီးတယ် ဆိုတာ ကို ခဏခဏ ပြောပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး ၊ ကျွန်တော်တို့ က မြို့နယ် မှူး ၊ ခရိုင်မှူး ၊စစ်ဒေသမှူး တွေကို တိုင်ပြီးပါပြီ ။ ကျွန်တော်တို့ကို ဘယ်သူမှ အကျိုးအကြောင်း ပြန်မပြောဘူး “ လို့ သံတွဲကုန်သည်အသင်းရဲ့ အသင်းဝင်တစ်ဦး ပြောပါတယ်။

ဒီအသင်းက အသင်းဝင်ကြေးနဲ့ အစုရှယ်ယာကြေး သိန်း ၃၄၀၀ ကျော်ကို အသင်းဥက္ကဌ ဦးမောင်မောင်ဖြူရဲ့ မိသားစုလုပ်ငန်းဖြစ်တဲ့ Kpay လုပ်ငန်းမှာ အသုံးပြုနေတာဖြစ်တယ်လို့ နောက်ထပ်အသင်းဝင်တစ်ဦးက အတည်ပြုပါတယ်။

“အသင်းဥက္ကဌ ရဲ့ Kpay ထုတ်တဲ့ လုပ်ငန်းမှာ ဒီငွေ တချို့ကို ကို သုံးဖို့ အတွင်းရေးမှူးနဲ့ ဘဏ္ဌာရေးမှူး က ခွင့်ပြုထားတယ်၊ သူတို့ အချင်းချင်း ခွဲယူလာမယူလား ဆိုတာ ကျွန်တော်တို့ မသိဘူး။ အသင်းပိုင်ငွေတွေကို သူ့မိန်းမ အကောင့်ထဲ အကုန် လွှဲခိုင်းတယ်။ ပထမတော့ အသင်းဝင်တွေကို အတိုးပေးမယ် လို့ပြောတယ်၊ နောက်တော့ သူတို့ ကုန်ကူးတဲ့ သစ်တွေ ဆီတွေရှုံးလို့ အတိုးလည်းမပေးနိုင်တော့ဘူးလို့ ပြောတယ် ” လို့ နောက်ထပ် အသင်းဝင်တစ်ဦးက ပြောပါတယ်။

အသင်းရဲ့စည်းမျဉ်းအရ လေးလတစ်ကြိမ် ငွေစာရင်းရှင်း ရမည်မှန်သော်လည်း တစ်နှစ် တစ်ကြိမ်ခန့် သာ ငွေစာရင်းရှင်းနေပြီး ထိုတစ်ကြိမ်မှာလည်း အရှုံးပေါ်သော အခေါက်ကိုသာ ထည့်သွင်းရှင်းလင်းထားတယ် လို့ ဆိုပါတယ်။

ဖိုးစော ၊ လေးဝတီ FM

Kay Zue

Related Posts

44 thoughts on “သံတွဲ ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးမောင်မောင်ဖြူ နဲ့ အတွင်းရေးမှူးတို့ဟာ အသင်းပိုင်ငွေကြေးတွေကို အလွဲသုံးစားလုပ်နေ ကြောင်း အသင်းသားများဖွင့်ဟ

  1. Interested in UFC? https://ufc-white-house.com unique mixed martial arts tournament will take place on June 14, 2026, in Washington, D.C., on the South Lawn of the White House. It will be the first professional sporting event in history to be held directly on the grounds of the U.S. presidential residence.

Leave a Reply

Your email address will not be published. Required fields are marked *