Laywaddy FM

တောင်ကုတ်မြို့သင်္ချီကိုင်းရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ဦးအပါအဝင် ၄ ဉီးသေဆုံး

တောင်ကုတ်မြို့သင်္ချီကိုင်းရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ဦးအပါအဝင် ၄ ဉီးသေဆုံး

ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်၊ သင်္ချီကိုင်း ကျေးရွာ ကို နိုဝင်ဘာ ၁၉ ရက် နံနက်မှာ စစ်ကောင်စီ လေကြောင်းဗုံးကြဲ ခဲ့လို့ အသက်မပြည့်သေးတဲ့ မိန်းကလေး နှစ်ဉီးအပါအဝင် အရပ်သားလေးဉီး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲ့ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီလေကြောင်း ကနေ ဂျက်ဖိုက်တာနဲ့ ကြဲချခဲ့တာဖြစ်ပြီး သင်္ချီကိုင်း ကျေးရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

“အိမ်တွေလည်းပြိုတယ် လူတွေလည်းသေတယ်၊ ရွာထဲ ကို တည့်တည့်ကျတာ “ လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီလေကြောင်း လက်နက်ကြီး ထိမှန်ပေါက်ကွဲမှုကြောင့် ရွာသားလေးဉီးသေဆုံးပြီး ၊ ၅ ဉီးဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။ ဒါအပြင် ကျေးရွာအတွင်းက နေအိမ် နှစ်လုံးလည်း ထိမှန် ပျက်စီးခဲ့ပါတယ်။

သေဆုံးခဲ့ရသူတွေကတော့ မဒေဝီမြင့် (၁၃ )နှစ် ၊ မသန်းသန်းအေး (၁၃) နှစ် ၊ ကိုရင်ဂို(၂၈ )နှစ် ၊ မရွှေရည်ဝင်းဝါ (၂၅) နှစ်တို့ ဖြစ်ကြတယ်လို့ လေးဝတီ FM က စုံစမ်းသိရှိရ ပါတယ်။

တောင်ကုတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အာရက္ခတပ်တော် AA ကို ပြန်လည် ထိုးစစ်ဆင်နိုင်ခြင်းမရှိတော့တဲ့ စစ်ကောင်စီဟာ လေကြောင်းကနေ အရပ်သားကျေးရွာတွေကို ဗုံးကြဲဖျက်ဆီးနေတာ ဖြစ်ပါတယ်။

အဲ့ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် ၂၀၂၃ နိုဝင်ဘာကနေ ၂၀၂၄ အောက်တိုဘာ လ အထိ အတစ်နှစ်အတွင်းမှာ အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

အမ်းချောင်းသူ(လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *