ဒီရက်ပိုင်းမှာ ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က ဖမ်းထားလိုက်ပြီဆိုပြီး နည်း နည်းပွက်သွားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အမြင်လေးတွေ ဘယ်လိုကွဲပြားကြသလဲဆိုတာနဲ့ ရှေ့ဆက် ဘယ် လိုတွေ ဖြစ်လာနိုင်ခြေရှိတာတွေကို သုံးသပ်ကြည့်ကြပါမယ်။
တစ်အုပ်စုကတော့ ကိုးကန့်ခေါင်းဆောင်ကို တရုတ်က တကယ်ပဲ ဖမ်းထားတယ်။ ဘာ ကြောင့်လဲဆိုရင် ကိုးကန့်က တရုတ်စကားနားမထောင်ဘဲ လားရှိုးကိုသိမ်းလို့၊ လားရှိုးကနေ ဆုတ်မပေးလို့၊ PDF တွေနဲ့ပေါင်းလို့ စသည်ဖြင့် ပြောကြတယ်။
ဩဂုတ်လ ၁၄ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံပြီးနောက်ပိုင်းမှာ တရုတ်ကလည်း TNLA ကို ဖိအားပေးတယ်။ ကိုးကန့်ကလည်း NUG နဲ့ မပေါင်းပါဘူး ဘာညာစာတွေထုတ်ရတယ်။ KIA ကိုလည်း တွန်းတယ်။ ဝ ကိုလည်း အကျပ်ကိုင်တယ်။
မင်းအောင်လှိုင်ကို လည်း မဲခေါင်အစည်းအဝေးဖိတ်တယ်။ တရုတ်ဝန်ကြီးချုပ်နဲ့တွေ့တယ် စသည်ဖြင့် မြန်မာ့အရေးအပေါ် ကစားကွက်တွေစိပ်လာတာဆိုတော့ ဒီလိုပြောမယ်ဆိုလည်း ပြောစရာပဲဖြစ်တယ်။
မင်းအောင်လှိုင်ကလည်း တရုတ်က စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို အပြည့်အဝ ထောက်ခံတယ်ဆိုပြီး ထုတ်ပြောလာတယ်။ မြောက်ပိုင်းအဖွဲ့တွေ သိမ်းထားတဲ့မြို့တွေကို ဗုံးတွေ ရက်ဆက် ကြဲတယ်။ ဒီတော့ တရုတ်ဟာ စစ်ကောင်စီကို ကျောထောက်နောက်ခံပေးနေပြီ။ မြောက်ပိုင်းအဖွဲ့တွေကို ကျပ် နေပြီလို့ သုံးသပ်လာကြတယ်။ MNDAA တို့ TNLA တို့တွေဟာ NUG တွေ PDF တွေနဲ့ ပေါင်းပြီး နွေဦး တော်လှန်ရေးကို အဆုံးထိဆက်လုပ်ချင်ပေမယ့် တရုတ်ကြောင့် အခက်တွေ့နေရတယ်လို့လည်း ပြောလာကြ တယ်။
ဒါပေမယ့် အောက်တိုဘာလ ၂၁ ရက်နေ့မှာ တရုတ်က ဖုန်တာရွှင်ကို ခေါ်တွေ့တယ်။ ၂၃ ရက် နေ့မှာ ဖုန်တာရွှင်က ဝ ခေါင်းဆောင်တွေနဲ့တွေ့တယ်။ ကိုးကန့်နဲ့ ဝ ဟာ တရုတ်မွေးပြီး ကြီးပြင်းလာတာမျိုး ဖြစ်တယ်။ လားရှိုးကို ကိုးကန့်က ရ ထားတာဟာ ( BRI ကိစ္စဘဲ ဖြစ်ဖြစ် ) တရုတ်အနေနဲ့ ပိုပြီး ခြေနိုင်လက်နိုင် လုပ်ပိုင်ခွင့် မရှိဘူးလား။ လားရှိုးကို သိမ်းတာကအစ တရုတ်အကူအညီနဲ့ ဒါမှမဟုတ် တရုတ်နဲ့ညှိလို့ သိမ်းတာ မျိုး မဖြစ်နိုင်ဘူးလား ဆိုတာကိုလည်း စဉ်းစားစရာရှိပါတယ်။
ဒါဆို လားရှိုးကို စစ်ကောင်စီက်ု ပြန်ပေးဖို့ ကိုးကန့်ကို ဖိအားပေးတယ်လို့ ဘာလို့ အသံတွေ ထွက်လာရတာလဲ။ အဲဒါမှာ ပထမတစ်မျိုးစဉ်းစားစရာက ဖိအားပေးတယ်လို့ အသံတွေထုတ်ပြီး ဖုန်တာရွှင်ကို ဖမ်းတယ်လို့ လုပ်လိုက်တယ်။
ဒါပေမယ့် လားရှိုးက ကိုးကန့်လက်ထဲမှာပဲ ရှိနေတယ်။ ကိုးကန့်လက်ထဲမှာ ရှိနေတယ်ဆိုတာ တရုတ်လက်ထဲမှာ ရှိနေတဲ့သဘောမျိုးလည်း တွေးယူလို့ရတယ်။ နောက်တစ်မျိုးက လားရှိုး ကို ကိုးကန့်တွေ သိမ်းနိုင်အောင်လုပ်လိုက်တယ်။
ပြီးမှ တရုတ်က ဖိအားပေးပြီး လားရှိုးကနေ ပြန်ဆုတ်ခိုင်း တယ်။ အဲဒီအတွက် လားရှိုးထက်ကြီးမားတဲ့ အကျိုးရလဒ်တွေ တရုတ်က မင်းအောင်လှိုင်ဆီကနေ ရမယ်။
သေချာတာကတော့ တရုတ်က စစ်ကောင်စီကိုရော မြောက်ပိုင်းအဖွဲ့တွေကိုပါ သူတို့အကျိုး စီးပွားအတွက် ကစားနေတာပဲဖြစ်တယ်။
ဒါ့အပြင် တရုတ်ဟာ နောက်ထပ်ခြေလှမ်းသစ်တစ်ခုကို လှမ်းလာ တယ်။
မြန်မာပြည်ထဲက တရုတ်စီးပွားရေးစီမံကိန်းတွေကို အကာအကွယ်ပေးဖို့အတွက် တရုတ်လုံခြုံရေး ကုမ္ပဏီတွေ စေလွှတ်ဖို့ လုပ်လာတယ်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတစ်လျှောက်မှာ မြန်မာစစ်တပ်ဟာ တောက်လျှောက် ရှုံးနိမ့်လဲပြိုခဲ့တာဟာ အဲဒီအတွက် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်လာတယ်။ ဒီတော့ ပြန်စဉ်းစားကြည့်မယ်ဆိုရင် မြန်မာစစ်တပ် ဒီလိုပြိုလဲအောင် တရုတ်က ကြံစည်ခဲ့သလားလို့ မေးစရာရှိလာ ပါတယ်။
ဒါမှ တရုတ်ဟာ သူ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်ဆိုပြီး မြန်မာပြည်ထဲကို တရုတ်စစ်သား ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ တရုတ်လုံခြုံရေးကုမ္ပဏီတွေကို စေလွှတ်ဖို့ တောင်းဆိုအကျပ်ကိုင်ခွင့် ပိုရလာ မှာဖြစ်တယ်။
နောက်တစ်ဖက်က စဉ်းစားကြည့်မယ်ဆိုရင် ဒီနွေဦးတော်လှန်ရေးမတိုင်ခင်က NLD အစရှိ တဲ့ ဗမာနိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ ကိုးကန့်တို့၊ တအာင်းတို့၊ ဝ တို့၊ ရခိုင်တို့ အပေါ်မှာ ဘယ်လို သဘော ထားတွေရှိခဲ့လဲ။
ဒီလူမျိုးစုတွေရဲ့ ဖြစ်တည်မှုတွေနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်တွေအပေါ်မှာ ဘယ်လို သဘောထားတွေရှိခဲ့လဲ။ ဘယ်လောက်နီးစပ်မှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့လဲ။
ဗမာစစ်တပ်က အာဏာမသိမ်းခဲ့ဘဲ ဒီနွေဦးတော်လှန်ရေးဆိုတာလည်း မပေါ်ပေါက်ခဲ့ဘူးဆိုရင် အခုလို ကိုးကန့်တွေ၊ တအာင်း တွေ၊ ရခိုင်တွေ၊ ကချင်တွေရဲ့ နယ်မြေသိမ်းစစ်ဆင်ရေးတွေအပေါ်မှာ ဘယ်လိုသဘောထားကြမလဲ ဆိုတာတွေ ရှိတယ်။
တရုတ်ဖက်ကို ပြန်ကြည့်မယ်ဆိုရင် တကယ်လို့ အခုရှမ်းမြောက်မှာ တိုင်းရင်းသားအဖွဲ့တွေ သိမ်းထားတဲ့ နယ်မြေတွေကို စစ်ကောင်စီက အကုန်ပြန်သိမ်းနိုင်တယ်ဆိုရင် မင်းအောင်လှိုင်ရဲ့လေသံဟာ ဘယ်လိုတွေဖြစ်လာမလဲ။
တရုတ်အနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရတာ ဘယ်လိုတွေပြောင်းလဲနိုင်လဲ။ တရုတ် ဟာ စစ်ကောင်စီကို ချုပ်ကိုင်နိုင်ဖို့ ရှမ်းမြောက်က တိုင်းရင်းသားအဖွဲ့တွေကို လုံးလုံးပစ်ပယ်ပြီး စစ်ကောင်စီကို ပုံအောလောင်းကြေးထပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ တွက်ကြည့်နိုင်တယ်။
ရှမ်းမြောက်က တိုင်းရင်းသားအဖွဲ့တွေအတွက်လည်း NUG နဲ့စာရင် တရုတ်က ပိုနီးစပ်တယ်။ ဆက်ဆံပေါင်းသင်းလာတာကြပြီ။ NUG က အခု အာဏာပြန်ရသွားရင်တောင် သူတို့အပေါ်ထားတဲ့ သဘော ထားတွေ ပြောင်းလဲသွားနိုင်တယ်ဆိုတာ သူတို့သိတယ်။ ဒါကြောင့် NUG တို့၊ PDF တို့အတွက် တရုတ်နဲ့ ပြဿနာအဖြစ်ခံပြီး လားရှိုးတို့၊ ပြင်ဦးလွင်တို့ကို သိမ်းပေးမယ် ဆိုတာထက် နိုင်ငံရေးကစားကွက်အရ သိမ်းတာ လို့ မြင်ကြည့်မယ်ဆိုရင် ပိုပြီးနီးစပ်ဦးမယ်။
ဒါပေမယ့် တရုတ်က မြောက်ပိုင်းအဖွဲ့တွေကို တကယ်ကျပ်လာတယ်ဆိုရင် ကိုးကန့်တို့၊ တအာင်းတို့၊ ကချင်တို့ရဲ့ လူဦးရေနဲ့၊ စစ်အင်အားအခြေအနေနဲ့ လက်ရှိသူတို့ သိမ်းထားတဲ့နယ်မြေတွေကို ဆက်ထိန်းထားဖို့ကိစ္စဟာလည်း သူတို့အတွက် စဉ်းစားစရာတွေ ရှိလာတယ်။
သူတို့အနေနဲ့ ဒီနယ်မြေတွေကို သိမ်းခဲ့တုန်းကလည်း ကိုယ်တပ်တစ်ခုတည်းနဲ့ သိမ်းခဲ့တာလားဆိုတာကိုလည်း ပြန်သုံးသပ်မိကြမှာ ဖြစ်တယ်။
တော်လှန်ရေးတပ်တွေကြားမှာ အက်ကွဲကြောင်းတွေပေါ်လာတာဟာ တရုတ်နဲ့ စစ်ကောင်စီအတွက် အခွင့် အရေးဖြစ်သွားပြီး စတေးခဲ့ရတဲ့ တော်လှန်ရေးလူငယ်တွေရဲ့ အသက်တွေဟာ အဟောသိကံဖြစ်သွားမယ်။
အဲဒီတော့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေအနေနဲ့ NUG တွေ၊ PDF တွေနဲ့ လုံးဝခွာပြဲပြီး တရုတ်ကို လုံးဝယုံကြည်ဖို့ဆိုတာကလည်း စဉ်းစားစရာဖြစ်တယ်။ အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေး ရ ခါနီးတုန်းကလည်း တိုင်းရင်းသားတွေအနေနဲ့ ဒီလိုရွေးချယ်စရာ လမ်းနှစ်ခွမျိုးကို ကြုံခဲ့ရပြီးဖြစ်တယ်။ အဲဒီ တုန်းကလည်း ဆုံးဖြတ်ချက်တွေမှာ လိုအပ်ချက်တွေရှိခဲ့ကြလို့ အခုလို ပြည်တွင်းစစ်ကြီး မပြီးနိုင်မဆုံးနိုင် တိုက်နေကြရတာ ဖြစ်တယ်။ ဒီတစ်ကြိမ်မှာ ထပ်ပြီး မမှားမိကြဖို့ လိုနေပြီ ဖြစ်ပါတယ်။
မြောက်ပိုင်းကိစ္စနဲ့ ဆက်နွယ်နေပေမယ့် ခွဲထွက်ပြီး စဉ်းစားရမှာက AA ကိစ္စဖြစ်တယ်။ BRI စီမံကိန်းကြီးမှာ မြန်မာနိုင်ငံအပိုင်းရဲ့ အဓိကကျတဲ့ မဟာဗျူဟာမြောက်နေရာက ရခိုင်ဖြစ်တယ်။ ကျောက်ဖြူ ဖြစ်တယ်။ ရခိုင် မှာ AA သိမ်းဖို့ကျန်တဲ့မြို့တွေထဲက လက်ရှိ မြို့ (၄) မြို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီက လည်း အခြေအနေမလှဘူးဖြစ်နေတယ်။ ကျန်တဲ့ (၃) မြို့ထဲက စစ်တွေနဲ့ ကျောက်ဖြူကိုလည်း AAက ဝိုင်းပတ်ထားပြီးဖြစ်တယ်။
ကျောက်ဖြူကို AA က ဝိုင်းထားပြီး နယ်ဖက်တွေအများစုကို ထိန်းချုပ်ထားတာ ကြပြီဖြစ်ပေ မယ့် အခုထိမတိုက်သေးဘဲ နောက်ဆုံးအဖြစ်ချန်ထားတယ်လို့ ပြောရတဲ့အခြေအနေမျိုးထိ ဆိုင်းထားတာဟာ ကျောက်ဖြူကိုတိုက်ရင် တရုတ်နဲ့ ဘယ်လိုပဲဖြစ်ဖြစ် အနည်းနဲ့အများ ပတ်သက်ရတော့မယ်။ ဒီတော့ အဲဒီမတိုင် ခင် ရခိုင်ပြည်က ကျန်တဲ့မြို့တွေကို အားလုံးအရသိမ်းတဲ့သဘောမျိုးလို့ တွက်ဆနိုင်သလို တရုတ်နဲ့ ကြိုတင်ညှိ နှိုင်းမှုမျိုးတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။
စစ်ကောင်စီအနေနဲ့လည်း ရခိုင်ပြည်ကို အနှေးနဲ့အမြန် သူတို့လက် လွှတ်ရတော့မယ်ဆိုတာ တွက်ချက်ထားပြီးလို့ နောက်ဆက်တွဲ အစီအစဉ်တွေတောင် ဆွဲပြီးတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်မြေအားလုံးနီးပါးကို လက်လွှတ်လိုက် ရရင်တောင်မှ ကျောက်ဖြူက တရုတ်စီမံကိန်းတွေနဲ့ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းတွေကို ဆက်လက်ဆုပ်ကိုင် ထားနိုင်အောင် ကြံစည်နေတာလည်း ဖြစ်နိုင်တယ်။
တရုတ်ကလည်း AA နဲ့စာရင် သူထိန်းချုပ်လို့ အဆင်ပြေ မယ့် စစ်ကောင်စီနဲ့ပဲ ဆက်ပြီး ဆက်ဆံလုပ်ကိုင်ချင်မှာဖြစ်တယ်။
ဒီတော့ တရုတ်က အခုလှမ်းလာတဲ့ တရုတ် အကျိုးစီးပွားကို ကာကွယ်ဖို့ မြန်မာပြည်ထဲကို လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီတွေ စေလွှတ်ဖို့ကိစ္စဟာ ကျောက်ဖြူကို ထိန်းထားဖို့ လှမ်းတဲ့ခြေလှမ်းလည်း ဖြစ်နိုင်တယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၂ (ခ) မှာ “ နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကို မျှ တပ်ချခွင့်မပြု ” ဆိုပြီး ပြဌာန်းထားတာကို စစ်ကောင်စီက ဘယ်လိုတွေ လက်တစ်လုံးခြားလှည့်မလဲဆိုတာ ကြည့်ကြရမှာဖြစ်တယ်။
အဲလိုပဲ အာရက္ခတပ်တော် AA ကလည်း ရခိုင်ပြည်အတွင်းမှာ အာရက္ခတပ်တော်က လွဲလို့ အခြားဘယ်လက်နက်ကိုင်တပ်မှ မရှိရဘူးလို့ အကြိမ်ကြိမ်ထုတ်ပြန်ပြီးဖြစ်တယ်။
ပြီးတော့ AA အနေနဲ့ ရခိုင်ပြည်မှာ စစ်ကောင်စီတပ်တွေ လုံးဝကင်းစင်အောင် တိုက်ထုတ် သွားမယ်လို့လည်း အခိုင်အမာပြောထားပြီးဖြစ်တဲ့အတွက် ကျောက်ဖြူကို မတိုက်ဘဲချန်ထားစရာ မမြင်မိပါ ဘူး။ ဒီတော့ စစ်ကောင်စီနဲ့ တရုတ်နဲ့ပေါင်းပြီးဖွဲ့မယ်ဆိုတဲ့ လုံခြုံရေးကုမ္ပဏီတပ်ဖွဲ့တွေကို AA က ကျောက် ဖြူမှာ တပ်စွဲခွင့်ပြုမှာလား။
AA က ကျောက်ဖြူကိုတိုက်ရင် အဲဒီတပ်ဖွဲ့တွေက ဘယ်အတိုင်းအတာထိ ပါဝင် ပတ်သက်မှာလဲ။ AA ကရော လုံခြုံရေးကုမ္ပဏီတွေ တပ်စွဲထားတဲ့ ( အကယ်၍ တပ်စွဲထားနိုင်ခဲ့တယ်ဆိုရင် ) တရုတ်စီမံကိန်းတွေကို မတိုက်ဘဲထားခဲ့မှာလား။
အမှန်စင်စစ်က AA ရဲ့ မကြာခဏ ထုတ်ပြန်လေ့ရှိတဲ့ မူဝါဒတွေအရဆိုရင် ရခိုင်ပြည်ထဲမှာရှိ တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို AA က ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုတဲ့အပြင် ရခိုင်ပြည်ထဲမှာ AA က လွဲလို့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိရဆိုတာကြောင့် တရုတ်က သူ့စီးပွားရေးလုပ်ငန်းတွေကို သူကိုယ် တိုင် လက်နက်ကိုင်ပြီး ကာကွယ်စောင့်ရှောက်မယ်ဆိုတာဟာ AA ရဲ့မူဝါဒနဲ့တော့ တိုက်ရိုက်ဆန့်ကျင်နေပါ တယ်။ လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီလုပ်မှာကလည်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး လုပ်မှာဆိုတော့ကာ AA အနေနဲ့လည်း လက်ခံဖို့ခဲယဉ်းမှာဖြစ်တယ်။
အဆိုးဆုံးက မြန်မာပြည်ထဲမှာရှိတဲ့ တရုတ် – မြန်မာစီးပွားရေးစင်္ကြံတစ်လျှောက်လုံး၊ တရုတ် စီးပွားရေးစီမံကိန်းတွေအကုန်လုံးကို တရုတ်က သူ့ဘာသာသူကာကွယ်ခွင့်တွေ၊ လက်နက်ကိုင်လုံခြုံရေး ကုမ္ပဏီတွေထားရှိခွင့် တောင်းလာတာဟာ မြန်မာပြည်ထဲမှာ တရုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တောင်းဆိုလိုက်တာလို့ မြင်တယ်။ အဲဒါဟာ စစ်ကောင်စီကို သက်ဆိုးရှည်စေမှာဖြစ်ပြီး မြန်မာပြည်ထဲမှာ လည်း ကုမ္ပဏီအမည်ခံ တရုတ်လက်နက်ကိုင်လုံခြုံရေးတွေ အမြစ်တွယ်နေမှာဖြစ်တယ်။ ဒီမိုကရေစီလိုလား တဲ့ မြန်မာပြည်သူတွေ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်လိုတဲ့ မြန်မာပြည်သူတွေ အတွက်တော့ စစ်အာ ဏာရှင်အပြုတ်တိုက်ရေးဆိုတဲ့ ရည်မှန်းချက်ကို နှောင့်နှေးစေမှာဖြစ်ပါတယ်။
နေထက်မိုးဇော်ရေးသည်။
rent a yacht Montenegro Montenegro yacht charter with crew
блудний син киноюа
мальчишник в паттайе суперчел
стиральные машины мастер ремонт стиральной машинки москва
While this issue can vexed most people, my thought is that there has to be a middle or common ground that we all can find. I do value that you’ve added pertinent and sound commentary here though. Thank you!
I’m impressed, I need to say. Really rarely do I encounter a blog that’s both educational and entertaining, and let me tell you, you have hit the nail on the head.
Makes sense to me.
Steam Desktop Authenticator https://steamdesktopauthenticator.net is a popular solution for Steam users who need access to Steam Guard features on their computer. It conveniently verifies actions, protects your account, and manages authentication in a single app.
Great post. I was checking constantly this blog and I’m impressed! Very useful info specifically the last part 🙂 I care for such info much. I was looking for this certain information for a very long time. Thank you and good luck.
Is it okay to put a portion of this on my weblog if perhaps I post a reference point to this web page?
I dont think I’ve read anything like this before. So good to find somebody with some original thoughts on this subject. cheers for starting this up. This blog is something that is needed on the web, someone with a little originality.
Keep it up!. I usually don’t post in Blogs but your blog forced me to, amazing work.. beautiful A rise in An increase in An increase in.
The sketch is tasteful, your authored material stylish.
Took me time to read the material, but I truly loved the article. It turned out to be very useful to me.
I dont think I’ve read anything like this before. So good to find somebody with some original thoughts on this subject. cheers for starting this up. This blog is something that is needed on the web, someone with a little originality.
Pretty impressive article. I just stumbled upon your site and wanted to say that I have really enjoyed reading your opinions. Any way I’ll be coming back and I hope you post again soon.
usdt to rub exchanger withdraw usdt to cash
I just couldn’t leave your web site prior to suggesting that I really enjoyed the standard info an individual supply to your guests? Is going to be again continuously in order to inspect new posts
Thanks pertaining to discussing the following superb written content on your site. I ran into it on the search engines. I will check back again if you publish extra aricles.
Keep it up!. I usually don’t post in Blogs but your blog forced me to, amazing work.. beautiful A rise in An increase in An increase in.
Great info! Keep post great articles.
Dude.. I am not much into reading, but somehow I got to read lots of articles on your blog. Its amazing how interesting it is for me to visit you very often. –
I’m so happy to read this. This is the type of manual that needs to be given and not the random misinformation that’s at the other blogs. Appreciate your sharing this best doc.
I love your blog. It looks every informative.
Easily, the post is really the greatest on this laudable topic. I concur with your conclusions and will thirstily look forward to your future updates. Saying thank will not just be sufficient, for the wonderful c lucidity in your writing. I will instantly grab your rss feed to stay privy of any updates. Solid work and much success in your business enterprise!
I like your quality that you put into your writing . Please do continue with more like this.
I’ll check back after you publish more articles.
Im impressed. I dont think Ive met anyone who knows as much about this subject as you do. Youre truly well informed and very intelligent. You wrote something that people could understand and made the subject intriguing for everyone. Really, great blog youve got here.
I favored your idea there, I tell you blogs are so helpful sometimes like looking into people’s private life’s and work.At times this world has too much information to grasp. Every new comment wonderful in its own right.