Laywaddy FM

တောင်ကုတ်မြို့က ခိုးမှုများကို ဖြေရှင်းနေ ၊ ပစ္စည်းတွေကို ပိုင်ရှင်ထံပြန်ပေးမယ်လို့ AA ဂတိပြု

တောင်ကုတ်မြို့က ခိုးမှုများကို ဖြေရှင်းနေ ၊ ပစ္စည်းတွေကို ပိုင်ရှင်ထံပြန်ပေးမယ်လို့ AA ဂတိပြု

ရခိုင်ပြည်တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ပြင်းထန်ပြီးနောက် တောင်ကုတ်မြို့ဟာ မြို့လုံးကျွတ် နီးပါး ထွက်ပြေးတိမ်ရှောင်နေရချိန်မှာ ဖောက်ထွင်းမှုတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ပြည်သူပိုင် ပစ္စည်းတွေ ခိုးယူခံနေရတဲ့ အတွက် အဲ့ဒီခိုးမှုတွေကို ကိုင်တွယ်ဖြေရှင်းနေတယ်လို့ အာရက္ခတပ်တော် က နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ် ။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဟာ မြို့အတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကိုပြုလုပ်ခဲ့တဲ့အတွက် ပြည်သူပိုင်ပစ္စည်း၊ လူနေအိမ်၊ တိုက်တာအဆောက်အအုံအချို့မှာ ပျက်စီးသွားခဲ့တယ် လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

ဒါအပြင် မြို့တွင်းက ပြည်သူတွေ အနေနဲ့ ဘေးလွတ်ရာထွက်ပြေးသွားရချိန်မှာ သယ်ဆောင်မသွားနိုင်တဲ့ ပစ္စည်းများ၊ မီးခံသေတ္တာထဲထားခဲ့ကြသောအဖိုးတန် ရွှေ၊ ငွေလက်ဝတ် ရတနာပစ္စည်းများ၊ လေးလံသော အိမ်အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂများ အပါအဝင် ပြန်လည်ရောင်းချလို့ရနိုင်တဲ့ ပစ္စည်းတွေကို ဒေသတွင်းက မသမာသူ တချို့က ခိုးယူ ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလို ခိုးယူသူတွေ အနက်က အချို့ကို ဖမ်းဆီးထားပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ခိုးရာပါပစ္စည်းများကို ပိုင်ရှင်အစစ်အမှန်များလက်ထဲ ကို အပ်နှံနိုင်ရန် ဆောင်ရွက်သွားမယ်လို့လည်း ဂတိပေးပြောဆိုထားပါတယ်။

အာရက္ခတပ်တော်ဟာ တောင်ကုတ်မြို့ကို နိုဝင်ဘာ ၄ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး တစ်လ အတွင်းမှာ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။

ရခိုင်ပြည် မြောက်ပိုင်း ကနေ တောင်ပိုင်းအထိ မြို့တိုင်းမှာ အဲ့ဒီလို ခိုးမှုတွေဟာ ကူးစက်ရောဂါတစ်ခုလို ဖြစ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

Lemon(လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

11 thoughts on “တောင်ကုတ်မြို့က ခိုးမှုများကို ဖြေရှင်းနေ ၊ ပစ္စည်းတွေကို ပိုင်ရှင်ထံပြန်ပေးမယ်လို့ AA ဂတိပြု

  1. the best adult generator photo to video ai create erotic videos, images, and virtual characters. flexible settings, high quality, instant results, and easy operation right in your browser. the best features for porn generation.

Leave a Reply

Your email address will not be published. Required fields are marked *