Laywaddy FM

မောင်တောမြို့ က စစ်ရှောင်တွေ နေရပ်ပြန်ဝင်

မောင်တောမြို့ က စစ်ရှောင်တွေ နေရပ်ပြန်ဝင်

မောင်တောမြို့ကို အာရက္ခတပ်တော်က ထိမ်းချုပ်ပြီးနောက် မြို့တွင်းက ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ မြို့ပေါ်ကို ပြန်လည်ဝင်ရောက်နေထိုင်ကြပြီဖြစ်ပါတယ်။

၂၀၂၅ ဇန်နဝါရီ လ က စတင်ပြီး မောင်တောမြို့ပေါ်က စစ်ဘေးရှောင်ထွက်ခွာသွားသူတွေကို မိမိ နေရပ်မှာ ပြည်လည်နေထိုင်ဖို့လက်ခံနေတာဖြစ်တယ်လို့ဆိုပါတယ်။

“ပြန်ဝင်လို့ရနေပြီဆိုပေမယ့် ၊ အိမ်ထောင်စု စာရင်းမူရင်း သို့မဟုတ် မိတ္တူရှိနေမှ ဝင်လို့ရတယ်၊ အိမ်အမှတ်သားကိုလည်း ကိုယ့်အိမ် ဖြစ်ကြောင်း တစ်ခုခု ပြောနိုင်မှ ဝင်လို့ရတယ်” လို့ မောင်တောမြို့ခံတစ်ဦးက ပြောပါတယ်။

မောင်တော နခခ(၅) နဲ့ အတူမောင်တောမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ ၊ အကြွင်းအကျန်တွေအားလုံး ရှင်းလင်းပြီး တစ်လနီးပါးအကြာမှာ ဒေသခံတွေဟာ အခုလို နေရပ်ကို ပြန်လည်ဝင်ရောက်နေထိုင်ကြခြင်းဖြစ်ပါတယ်။

မောင်တောမြို့ဟာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး တချို့နေအိမ်တွေဟာလည်း လက်နက်ကြီးနဲ့ မီးလောင်မှုတွေကြောင့် ရပ်ကွက်အလိုက်ပျက်စီးသွားတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

“စစ်ပွဲကြောင့်ပြေးကြလွှားကြတဲ့အချိန်မှာ အိမ်ထောင်စုဇယားမပါတဲ့လူလည်းရှိပါတယ် ။ အဲ့ဒီလူတွေက တော့ ပြန်ဝင်လို့မရမှာကို စိတ်ပူနေကြတယ်” လို့ မောင်တောမြို့ မောင်တော ဝိမလရပ်ကွက် (၃) မှာ နေထိုင်ခဲ့သူက လေးဝတီ FM ကို ပြောပါတယ်။

လက်ရှိပြန်လည်ဝင်ရောက်နေသူတွေဟာ မြိူ့တွင်းစစ်ပွဲကာလမှာ အာရက္ခတပ်တော် AA ဘက်က ကယ်ထုတ်ထားတဲ့ ဒေသခံတွေဖြစ်တယ်လို့ဆိုပါတယ်။

ဘဂ်လားဒေ့ရှ်နယ်စပ်ဘက်ကို ထွက်ပြေးသွားသူ တွေကတော့ ပြန်လည်ဝင်ရောက်လာနိုင်ခြင်းမရှိသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

အမ်းချောင်းသူ (လေးဝတီ FM)

Kay Zue

Related Posts

3 thoughts on “မောင်တောမြို့ က စစ်ရှောင်တွေ နေရပ်ပြန်ဝင်

  1. Здравствуйте дорогие друзья! На первом этапе нужно разобраться — гидроизоляция склада. Лень разбираться — могу рекомендовать проверенную компанию: https://montazh-membrannoj-krovli-spb.ru. В большинстве случаев промышленные кровли — требуют особого подхода. Короче, сложная конфигурация — соответственно нужно спецоборудование. Мы используем профессиональное оборудование. Опять же один из самых эффективных способов. Что в итоге: это отличные параметры.

Leave a Reply

Your email address will not be published. Required fields are marked *