ဒီကနေ့ မေ ၂၀ ရက်နေ့ မနက်အစောပိုင်းမှာ ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၄ ဦးကို ထိုင်း-မြန်မာနယ်စပ် မြို့တစ်မြို့မှာ ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။





ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်၊ ဖုဖရာ့မြို့နယ် ကျေးရွာအမှတ် ၇ ဘက်မှာ ပွဲစားရဲ့ အစီအစဉ် နဲ့ သောင်ရင်းမြစ်ကို ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၊ အမျိုးသမီး ၄၄ ဦးကိုဖမ်းဆီးမိခဲ့တာလို့ဆိုပါတယ်။ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၀ ဦးနှင့် ကလေး ၈ ဉီးလည်းပါဝင်ပါတယ်။

လေးဝတီ FM