Tag: AA

ဓညဝတီရေတပ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားအချို့ထွက်ပြေး
ဓညဝတီရေတပ်ဌာနချုပ်တိုက်ခိုက်ခံရပြီးနောက် မှာ စစ်ကောင်စီတပ်သားတချို့ အရပ်သား စက်လှေတွေ နဲ့ ရေကြောင်းအသုံးပြုပြီးထွက်ပြေးနေကြတယ်လို့ သတင်းရရှိပါတယ်။ ဓညဝတီရေတပ်ဌာနချုပ် နဲ့ အနီးဝန်းကျင်မှာ ရှိတဲ့ကျေးရွာတွေ က ခံစစ်စခန်းတွေမှာ တာဝန်ယူထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ ၂၇ ၊ ၂၈ ရက်တွေမှာ အုပ်စုလိုက် စပြီး ထွက်ပြေးသွားကြတယ် လို့…

ကျောက်ဖြူ စစ်မျက်နှာပြင်မှာ ပိတ်မိနေသော စီမံကိန်းများ
ရခိုင်ပြည်တွင်းက မြို့ ၁၄ မြို့အထိ သိမ်းပိုက်ထားသည့် အာရက္ခတပ်တော်သည် ယခုဆိုလျှင် တရုတ်နိုင်ငံ နှင့် ဆက်စပ်နေသော ရင်းနှီးမြုပ်နံမှု များစွာရှိသည့် ကျောက်ဖြူမြို့ကို စတင်တိုက်ခိုက်နေပြီဖြစ်သည်။ ကျောက်ဖြူမြို့နယ် တွင် အဆောက်အအုံစီမံကိန်းကြီးများစွာရှိပြီး တရုတ်နှင့် မြန်မာအစိုးရ တို့၏ စီးပွားရေးလုပ်ကွက်အခြေတည်ထားသည့် နေရာ တစ်ခု အဖြစ်လက်ရှိအခြေအနေထိရှိနေဆဲဖြစ်သည်။ ကျောက်ဖြူမြို့နယ်တွင်…

မြောက်ဦးမြို့မှာ အစ္စလာမ်ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင် ဘွဲ့လက်မှတ် အပ်နှံပွဲပြုလုပ်
ာရက္ခပြည် မြောက်ဦးမြို့မှာ အစ္စလာမ်ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင် ဘွဲ့လက်မှတ် အပ်နှံပွဲ (ဂျလ်ဆာ) ပွဲ အခမ်းအနားကို ဖောဖော်ဝါရီ ၂၈ မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ရခိုင်ရှေးဟောင်းယဉ်ကျေးမှုတွေ စုဝေးနေတဲ့ မြောက်ဦးမြို့မှာ ရခိုင်လူမျိုး ၊ ကမန်လူမျိုး ၊ ဒိုင်းနက်လူမျိုး (သက္ကမလူမျိုး) ၊ ဟိန္ဒူအနွယ်ဝင်များ၊…

A ပစ်လိုက်တဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီးကျည် ခလရ (၂၀ ) ထဲကျရောက် ၊ စစ်ကောင်စီ ဆယ်ဦးခန့်သေဆုံး
စစ်တွေမြို့မှာအခြေစိုက်ထားတဲ့ အမှတ် (၂၀) စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ် ခလရ (၂၀) တပ်ဝန်းထဲကို အာရက္ခတပ်တော် AA ဘက်က ပစ်လိုက်တဲ့ ကျည်ဆံကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ဆယ်ဦးကျော် သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက် ညနေဘက်က အာရက္ခတပ်တော် ဘက်ကနေ စစ်တွေမြို့မှာရှိတဲ့…

ပုဏ္ဏားကျွန်းမှာ သောက်သုံးရေ ပြသနာ စတင်ရင်ဆိုင်နေရပြီ
ခိုင်ပြည် မြို့အများစုဟာ နွေရာသီရောက်ရင် ရေရှားပါးမှုပြသနာတွေကို ရင်ဆိုင်ရပြီး ပုဏ္ဏားကျွန်းမြို့နယ်ကတော့ အခုဖေဖော်ဝါရီလ ထဲမှာပင် သောက်သုံးရေ ရှားပါးမှုကို စတင်ကြုံတွေ့နေရပြီလို့ သတင်းရရှိပါတယ်။ စစ်ရှောင်ပြည်သူများ တိုးများလာမှု နဲ့ လူဦးရေအခြေအနေကြောင့် အခုနှစ်မှာ ရေရှားပါးမှုကို အစောတလျင်ကြုံလာရတာဖြစ်တယ်လို့ လည်း ပုဏ္ဏားကျွန်းဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ လတ်တလောမှာ ချိုးရေ…

ဓညဝတီရေတပ်စခန်းကို AA ဦးတည်တိုက်ခိုက်နေ( ရေတပ်ရှေ့ကာကင်းစခန်းက စစ်ကောင်စီတပ်သား အချို့ကို ဖမ်းဆီး
ကျောက်ဖြူက ဓညဝတီရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော် AA က အပြင်းအထန်ထိုးစစ်ဆင်နေပြီး ရေတပ်စခန်းရှေ့ကာကင်းမှာတိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။ ဓညဝတီရေတပ်ဌာနချုပ်ရဲ့ ရှေ့ကာကင်းရှိရာ စည်မော်ကျေးရွာကို အာရက္ခတပ်တော် AA ဘက်ကပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး စည်မော် ကာကင်းကနေ စစ်ကောင်စီတပ်သား ဆယ်ဦးခန့် လက်ရဖမ်းဆီးခဲ့တယ် လို့ သတင်းရရှိပါတယ်။ "စစ်ကောင်စီတွေဘက်က အကျအဆုံးများတယ်၊ AA…

ဝါဘို ကျေးရွာကို ပေါင် ၅၀၀ ဗုံးတွေ နဲ့ လေကြောင်းကလာရောက်ပစ်ခတ် ၊ နေအိမ် ၁၀ လုံးမီးလောင်ပျက်စီး
ရခိုင်ပြည် စစ်တွေ မြို့နယ် ဝါဘိုကျေးရွာကို ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းမှာ စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနေအိမ် ၁၀ လုံးခန့်ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီဟာ စစ်တွေမြို့ နဲ့ ချောင်းတစ်ဖက်ကမ်းခြားတဲ့ ဝါဘိုကျေးရွာကို ပေါင် ၅၀၀ ဗုံးတွေနဲ့ လာရောက်ကြဲချခဲ့ပြီး ကျေးရွာထဲမှာ နေအိမ်တန်းလိုက်မီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။…

နတ်ရေကန်က တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သား (၂၃) ဦးကို အရှိုချင်း အဖွဲ့ ဖမ်းဆီး
နတ်ရေကန်လေကြောင်း ကာကွယ်ရေးတပ်က တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှို ချင်း ကာကွယ်ရေးတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ အာရက္ခတပ်တော်မှ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် တည်ရှိရာတောင်ကုန်းအား တိုက်ခိုက်စဉ်အတွင်း ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေကို အရှိုချင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ သုံးရက်အတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃…

ပြန်လည်ထူထောင်ရေးအတွက် စိုက်ပျိုးရေး လုပ်ကိုင်နေတဲ့ နေရာတစ်ခု လေကြောင်းက တိုက်ခိုက်ခံရ
မြောက်ဦးမြို့ လေးမြို့မြစ်ဘေးက စိုက်ပျိုးရေးလုပ်ကိုင်တဲ့ ညောင်ပင်လှကျေးရွာကို ဖေဖော်ဝါရီ ၂၅ ရက်ညနေပိုင်းက စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ လေးမြို့မြစ်ဘေးမှာ စိုက်ပျိုးရေးလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်စတင်လုပ်ကိုင်လာတဲ့ အဲ့ဒီကျေးရွာကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စိုက်ပျိုးရေးလုပ်ကွက်နေရာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သတင်းရရှိပါတယ်။ "ပြန်လည်ထူထောင်ရေးအတွက် စီးပွားဖြစ်စိုက်ပျိုးရေးလုပ်တဲ့နေရာတွေ ၊ မွေးမြူရေးလုပ်တဲ့နေရာတွေကို တိုက်ခိုက်တာပါ၊…

စက်တပ်လေထီး နဲ့ ဗုံးကြဲသူနှစ်ဦး ကို ရခိုင်ရိုးမပေါ်မှာ AA ပစ်ချ နှစ်ဦးသေဆုံး
ပဲခူးတိုင်းထဲက ညောင်ကျိုးစခန်းကို လေကြောင်းပစ်ကူပေးနေတဲ့ စက်တပ်လေထီးမောင်နှင်သူ နှစ်ဦးပါဝင်တဲ့ လေထီးနှစ်စီး ကို AA က ပစ်ချခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်က ဗိုလ်အဆင့်မောင်းနှင်သူနဲ့ နောက်ထပ်တစ်ဦးတို့ဟာ ညောင်ကျိုးစခန်းကိုလာရောက် ဗုံးကြဲချိန်မှာ AA ဘက်က ပစ်ချခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ " ညောင်ကျိုးကို…