စစ်ကောင်စီဟာ အာရက္ခတပ်တော် AA ရဲ့ထိုးစစ်ဆင်ခြင်းကိုခံနေရတဲ့ ဂွမြို့နယ်က ကျေးရွာတွေကို နေ့စဉ် ဗုံးကြဲလျှက်ရှိပါတယ်။
ရခိုင်ပြည် ဂွမြို့နယ် ထဲက ရွှေတွင်းတူးကျေးရွာဟာ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် နေ့လည်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် တစ်ရွာလုံးနီးပါးဟာ မီးလောင်ကူးစက်ခဲ့တယ်လို့ သိရပါတယ်။
“မနက် ၈ နာရီက ပင် ညနေသား ၄ နာရီအထိ ရွာအနားမှာ တိုက်ပွဲတွေ ဖြစ်တာ တအုန်းအုန်းနဲ့ စစ်ကောင်စီက လေကြောင်းက စစ်ကူလာပစ်ပေးတာတစ်ရွာလုံး မီးလောင်လို့ ကုန်ပြီ ” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ဂွမြို့နယ် အတွင်းက တိုက်ပွဲတွေ မှာ စစ်ကောင်စီ ထိခိုက်သေဆုံးမှုတွေများလာပြီး တပ်ဆုတ်လာရ တဲ့ အတွက် အခုလိုလေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ် ပြုလုပ်နေတယ် လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၄ ရက်မှာလည်း ကင်ပုံကျေးရွာကို လေကြောင်းက တိုက်ခိုက်ခဲ့လို့ ကျေးရွာတွင်းက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
ရခိုင်ပြည်နယ် ဂွမြို့နယ် ၊တောင်ကုတ် မြို့နယ် နဲ့ အမ်းမြို့နယ်တို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပြီး စစ်ကောင်စီဟာ လေကြောင်းက အဓိက ခုခံကာကွယ်နေတာဖြစ်ပါတယ်။
“မြေပြင်တပ်တွေ ထိခိုက်ဒဏ်ရာ ရပြီး နောက်ဆုတ်ပြီး ဒရုန်း နဲ့ အရင်ချတယ်၊ လေယာဉ်နဲ့လည်းပစ်တယ်” လို့ ဒေသခံက ဆိုပါတယ်။
အဲ့ဒီရွှေတွင်းတူးကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ ပြင်းပြင်းထန်ထန် နှစ်ပတ်နီးပါး ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး
စစ်ကောင်စီ တပ်သား ၇၀ ကျော် သေဆုံးခဲ့ပါတယ်။
အဉ္စနလီညှင်း(လေးဝတီ FM)ရေးသည်။
rent a yacht Montenegro https://rent-a-yacht-montenegro.com
стиральная машина починка сервисный центр ремонта стиральных машинок
Хочешь узнать про электронные чеки? является ли электронный чек документом рб важный этап цифровизации торговли и налогового контроля. Узнайте, как работают электронные чеки, какие преимущества они дают бизнесу и покупателям, а также какие изменения ждут предпринимателей.