Author: Kay Zue

အာရက္ခပြည်သူ ကို မျက်နှာမူမယ့်အစိုးရ ဖြစ်ပါစေ
ပြီးခဲ့တဲ့ ရက်က ULA/AA ရဲ့ တရားစီရင်ရေးထဲ က အမှုတစ်ခုဟာ လူမှုကွန်ယက်စာမျက်နှာပေါ်ကို ပျံ့နှံ့လာခဲ့ပါတယ်။ အာရက္ခပြည် ပြန်လည်ထူထောင်ရေးကို တော်လှန်ရေးအစိုးရတစ်ရပ် အသွင်နဲ့ စီမံအုပ်ချုပ်နေတဲ့ ULA/AA မှာ တရားစီရင်ရေး ကိစ္စတွေလည်းပါဝင်ပြီး ဒေသတွင်း ပြစ်မှုတွေကို စီရင်နေပြီလို့ လည်း လေးဝတီ FM က…

ကျောက်ဖြူ တိုက်ပွဲကနေ အလင်းဝင်နေတဲ့ တပ်သားတွေရဲ့မိသားစုဝင်တွေကို စစ်ကောင်စီ ဖမ်းဆီး
ရခိုင်ပြည်၊ ကျောက်ဖြူမြို့ တိုက်ပွဲအတွင်းက လက်နက်ချ အလင်းဝင် နေတဲ့ စစ်သားတွေရဲ့ ဇနီးးမယားတွေ နဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့ ရှေ့တန်းစစ်မျက်နှာပြင်ကနေ ULA /AA ထံ လက်နက်ချ အလင်းဝင်သွားတဲ့ စစ်သားတွေရဲ့ ဇနီး ၊သားမယားတွေနဲ့ မိသားစုဝင်တွေကို စစ်ကောင်စီဘက်က…

မိုးရာသီအဖြစ်များတဲ့ တုတ်ကွေး ၊ ငှက်ဖျားနဲ့ ဝမ်းရောဂါတွေ အတွက် ရခိုင်မှာ ဆေးမရှိသေး
မကြာခင်ကျရောက်တော့မယ့်မိုးရာသီ ကာလ အတွက် အထူးလိုအပ်နေတဲ့ ရောဂါကုသရေးဆေးဝါး တွေ ရခိုင်ပြည်မှာ မရှိသေးဘူး လို့ နယ်လှည့်ကုသရေး တွေ လုပ်ဆောင်နေသူတွေ ဆီက သတင်းရရှိပါတယ်။ ရခိုင်ပြည်ဟာ မိုးများဒေသဖြစ်ပြီး တုတ်ကွေး ၊ ငှက်ဖျားနဲ့ ဝမ်းရောဂါတွေဟာ နှစ်စဉ်ကြုံတွေ့ရတဲ့ ရောဂါတွေလည်းဖြစ်ပါတယ်။ ဒေသတွင်းနေထိုင်သူတွေ အနေနဲ့ ဒီရောဂါတွေ…

ကျောက်တော်မြို့ပေါ်ကို ကြဲချခဲ့တဲ့ “Cluster Bombs” ဗုံးတွေ ဆိုတာ
ရခိုင်ပြည်မှာ အာရက္ခတပ်တော် ULA/AA ထိမ်းချုပ်ပြီး ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ မြို့တွေ မှာ စစ်ကောင်စီ ဟာ ဝေဟင်က နေ ဗုံးမိုးရွာသလို အန္တရာယ်များတဲ့ "Cluster Bombs" အမျိုးအစားတွေ ကို အသုံးပြုလာနေပါတယ်။ ULA/AA အနေနဲ့ ရခိုင်ပြည်ရဲ့ သုံးပုံ နှစ်ပုံကျော်ကို ထိမ်းချုပ်ထားပြီး…

ကျောက်တော်မြို့ ပေါ် ကို လေကြောင်းက ဗုံးကြဲ ၊ အမျိုးသမီး နဲ့ ကလေးငယ်တွေ အပါအဝင် လူ (၂၀) ကျော် ထိခိုက် ဒဏ်ရာရ
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့ပေါ်မှာ ပြန်လည်နေထိုင်တဲ့ အရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး တွေ နဲ့ ကလေးငယ်တွေ အများအပြားထိခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၁၉ ရက် မနက် နှစ်နာရီ အများသူငါ အိပ်ပျော်နေချိန်မှာ အခုလိုလာရောက် ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို လူသားချင်းစာနာမှု ဆိုင်ရာ…

သောတရှင် ပရိတ်သတ်များ အားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ၊
ဘေးဘရာတွေ ဝေးကွာကြပါစေ။ နှစ်ဟောင်းမှာ ကျန်ခဲ့တဲ့ ထိခိုက်ပျက်စီးမှု အထွေထွေကို အမြန်ဆုံး ပြန်လည် တည်ဆောက် ထူထောင်နိုင်ကြပါစေ လို့ လေးဝတီFM ဝိုင်းတော်သူ ၊ ဝိုင်းတော်သားတွေက ဆုတောင်းပေးလိုက်ပါတယ်ရှင်.........

ကျောက်ဖြူ မှာ ခြေလျင်တပ်သားအချို့ အလင်းဝင်
သက်ြန်ကာလ အတွင်းမှာ ရခိုင်ပြည်ကျောက်ဖြူမြို့နယ် က ကျေးရွာအချို့ကို စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းထိုး ထိုးစစ်ဆင်နေပြီး ၊ အပြန်အလှန် တိုက်ခိုက်မှုတွေ နေ့စဉ် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အဲ့ဒီအထဲက တပ်သားအချို့ဟာ ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲအတွင်းကနေ အာရက္ခတပ်တော်ဆီကို အလင်းဝင်ရောက်မှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို…

ULA/AA ရဲ့ ထိမ်းချုပ်ထားတဲ့မြို့တွေမှာ သက်ြန်ပွဲတော် မကျင်းပ
ULA/AA ထိမ်းချုပ်ထားတဲ့ ရခိုင်ပြည် က မြို့ ၁၄ မြို့မှာ သက်ြန်ပွဲတော် ကို မကျင်းပ ဘဲ တိတ်ဆိတ်စွာ ဖြတ်သန်းနေတယ် လို့ မြေပြင် သတင်းအချက်အလက်တွေ အရသိရပါတယ်။ ရခိုင် သက်ြန်ပွဲတော် ကို နံ့သာသွေးခြင်း ၊ ဘုရားရေသပ္ပါယ်ခြင်းတို့ကို ရခိုင် ရိုးရာဓလေ့အတိုင်း…

သကြ်န် ကာလအတွင်းမှာ စစ်သုံ့ပန်း ၁၅၀ ကျော် AA လွှတ်ပေး
ရခိုင်ပြည်သိမ်းတိုက်ပွဲ အတွင်းက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ နဲ့ မိသားစုဝင် တွေကို ဧပြီ ၁၃ ရက် မနက်ပိုင်းမှာ AA ဘက်က လွှတ်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းတွေထဲမှာ အမျိုးသား ၂၆ ယောက် ၊ အမျိုးသမီး ၈၃ ယောက်နဲ့ ကလေး…

ကျောက်တော်မြို့ ကို ဂျက်ဖိုက်တာနဲ့ ပစ်
ရခိုင်ပြည် ကျောက်တော်မြို့ကို ဧပြီ ၁၃ ရက် သကြ်န်အကြိုနေ့မှာ စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ် ခဲ့ပါတယ်။ နေအိမ် ၇ လုံးထက်မနည်း ပျက်စီးခဲ့ပြီး အရပ်သား ၅ ဦးထက်မနည်း ထိခို ဒဏ်ရာ ရရှိခဲ့ပါတယ်။ လေးဝတီFM ၊ဓာတ်ပုံသတင်း