Laywaddy FM

Blog

မောင်တော ကြိမ်ချောင်း ဗျူဟာစခန်းကို AA အပြီး သိမ်းပိုက်

ရခိုင်ပြည်နယ် မောင်တောမြို့ ကြိမ်ချောင်း ဗျူဟာစခန်းကို အာရက္ခတပ်တော်မှ ဧပြီလ ၁၂ရက်က အပြီးသိမ်းပိုက်လိုက်ကြောင်း သိရပါတယ်။အဆိုပါ ကြိမ်ချောင်း ဗျူဟာစခန်းကို အာရက္ခတပ်တော်မှ မတ်လ ၂၃ရက် မှစတင်ကာသိမ်းပိုက်နိုင်ရန် စတင်ထိုးစစ်ဆင်ခဲ့တယ်လို့လည်း သိရပါတယ်။ကြိမ်ချောင်းဗျူဟာစခန်းသည် နခခ(၇) ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀၀ ကျော် နှင့်နယ်ခြားစောင့်တပ်သား ၄၀၀ ကျော်…

သံတွဲဈေးတွင် ရောင်းချနေသော စားသောက်ကုန် ၃ မျိုး စားသုံးရန် မသင့် လို့ စစ်ကောင်စီကြေညာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဒွါရာဝတီမြို့မဈေးတွင် ရောင်းချနေသော စားသောက်ကုန်၃မျိုးသည် စားသုံးရန် မသင့်ကြောင်းကို စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အဆိုပါ စားသောက်ကုန် ၃ မျိုးမှာ fancy juice, fancy jelly နှင့် ဒွါရာဝတီရခိုင်ငပိထောင်း တို့ဖြစ်ပါတယ်။အဆိုပါ စားသောက်ကုန် ၃ မျိုးကို မစားသုံးသင့်ခြင်းမှာ Sodium Cyclamate…

သံတွဲမြို့အဝင်ကို စစ်ကောင်စီပိတ်ဆို့

ရခိုင်ပြည်နယ် သံတွဲမြို့အဝင် ၇မိုင် အကွာခန့်ရှိ ရေစင်ကျေးရွာ မှ စတင်ကာ စစ်ကောင်စီကပိတ်ဆို့ထားပြီး အနီးအနားရှိ တောတောင်များတွင် ကင်းပုန်းများ ချထားကြောင်း သိရပါတယ်။\"မနက်က တိုက်ပွဲအသေးစားဖြစ်တယ်။ အဲဒါကို အကြောင်းပြီးပြီးတော့ရေစင်တံတားနားကနေစပြီး အဝင် အထွက် ပိတ်လိုက်တယ်။ လမ်းပိတ်ရုံတင်မဟုတ်ဘူး၊ရေစင်ရွာ အဝင်အထွက်ကိုပါ ပိတ်ထားတယ်\" လို့ သံတွဲဒေသခံတစ်ဦးက ဆိုပါတယ်။ချင်းတိုင်းရင်းသားအများစုနေထိုင်သည့်…

ဂွမြို့နယ်မှ ပြည်သူ ၃ ဦး စစ်ကောင်စီမှ ဖမ်းဆီး

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့မှ ပြည်သူ ၃ ဦးကို စစ်ကောင်စီမှ ဧပြီလ ၁၁ရက် ည၁၀နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။\"အဖမ်းခံရတဲ့ တစ်ယောက်ရဲ့ အဖေ (ဦးသိန်းဇံ) ကို လာရှာတာ။ မတွေ့တော့ သားဖြစ်သူ နဲ့သူတို့အိမ် လာလည်တဲ့ သူ့သား သူငယ်ချင်း ၂ ယောက်ကို…

သင်္ကြန်ကာလအတွင်း လူစုလူဝေး နှင့် ပျော်ပွဲရွှင်ပွဲ မလုပ်ရန် AA မေတ္တာရပ်ခံ

သင်္ကြန်ကာလအတွင်း မြို့ပြ နှင့် ကျေးလက်ဒေသများတွင် လူစုလူဝေးများ ပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲများကို မပြုလုပ်ရန် အာရက္ခတပ်တော် မှ မေတ္တာရပ်ခံလိုက်ကြောင်း သိရပါတယ်။\"စစ်ကောင်စီသည် အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားသောဒေသများတွင်သာမက နောက်ထပ်သိမ်းပိုက်ရန် ကြိုးပမ်းသော နေရာများတွင်ပါ လူစုလူဝေးဟုယူဆသော နေရာများတွင် လေယာဥ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း\"ကြောင့် ဆိုပါတယ်။အာရက္ခတပ်တော်မှ…

နေရပ်မပြန်နိုင်ကြသော ရခိုင်တက္ကသိုလ်ကျောင်းသားများကို ရခိုင်သဟာယအသင်းကူညီထောက်ပံ့ပေးနေ

ရန်ကုန်မြို့မှ နေရပ်မပြန်နိုင်ကြသော ရခိုင်တက္ကသိုလ်ကျောင်းသားများကိုရခိုင်သဟာယအသင်း နှင့် မိတ်ဖက်အသင်းများ ပူးပေါင်းကာ ကူညီပေးနေကြောင်းသိရပါတယ်။\"ကျောင်းပိတ်ကာလဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်ကြတဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ စားဝတ်နေရေး ခက်ခဲနေကြတယ် ဒါကြောင့် စားရေး သောက်ရေးအခက်အခဲကို ဖြေရှင်းနိုင်ဖို့ အခုလို ထောက်ပံ့ရေး အစီအစဥ် လုပ်ဆောင်တာပါ\" လို့ရခိုင်သဟာယအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။အဆိုပါကျောင်းသားများအားကူညီထောက်ပံ့နိူင်ရေးအစီအစဥ်ဖြင့် ဧပြီလ…

စစ်ရေးပြင်းထန်နေတဲ့ အမ်းမှာ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ ပြတ်လပ်

စစ်ကောင်စီ နဲ့ အာရက္ခတပ်တော် တို့ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့မှာစစ်ကောင်စီရဲ့လမ်းခရီးပိတ်ဆို့ထားမှုတွေကြောင့် စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့နယ်အတွင်းကစစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် က ပြီးခဲ့တဲ့ မတ်လ (၂၄)ရက် ကစလို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်ကလည်း ခရီးသွားလာခွင့်နဲ့ကုန်ပစ္စည်းသယ်ယူခွင့်တွေကို တင်းကျပ်စွာ ပိတ်ဆို့ထားခဲ့တာလည်း ဖြစ်ပါတယ်။အခုလို…

သံတွဲက အဖမ်းခံထားရတဲ့ အမျိုးသမီးနဲ့ ၂ ရက်ကြာတဲ့အထိ အဆက်သွယ်မရလို့မိသားစုဝင်များ စိတ်ပူနေ

ရခိုင်ပြည်နယ် သံတွဲမြို့ကအမျိုးသမီးတစ်ဦးကို ဧပြီလ ၇ ရက်က သံတွဲစျေးက အပြန် မှာစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီး ၂ ရက်ကြာတဲ့ အထိ သတင်းအစအနမရသေးလို့ မိဘတွေ စိတ်ပူနေကြပါတယ်။အဖမ်းဆီးခံရသူ အမျိုးသမီး အမည်မှာ မမေသဇင်ဖြစ်ပြီး အသက် ၃၀ အရွယ်ရှိကာဘောက်တောင်ရွာမှာနေထိုင်သူဖြစ် တယ်လို့ သိရပါတယ်။\"သူ့မိသားစုတွေက သူ့သမီး…

အမ်းမြို့အနီးက ကျေးရွာတွေကို လေကြောင်းက ဗုံးကျဲ ၊ကျေးရွာလေးရွာမှ ဒေသခံ အများအပြား လက်နက်ထိမှန် ဆေးရုံရောက်

ရခိုင်ပြည်နယ် အမ်းမြို့နယ် အနီးက ကျေးရွာတွေဟာ ဧပြီ ၇ ရက်နေ့ကစစ်ကောင်စီရဲ့လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခြင်းကိုခံရပြီး ဒေသခံ အမျိုးသမီး အမျိုးသားနှစ်ဆယ်ကျော်ဟာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမ်းဒေသ သတင်းရင်းမြစ်က သိရ ပါတယ်။အမ်းမြို့နယ် ကြောင်ဖြူကွင်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဂွေးကိုင်းကျေးရွာ ၊ပျဉ်တောင်ကြီးကျေးရွာ တို့ကို နေ့လည် ၁၂ နာရီ…

သံတွဲက စားသောက်ကုန်ဆိုင်အချို့ သက်တမ်းလွန်စားသောက်ကုန်များ ရောနှောရောင်းချနေ

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်ရှိ စားသောက်ကုန်‌ရောင်းချနေတဲ့ ကုန်စုံဆိုင်အချို့ဟာသက်တမ်းကုန် စားသောက်ကုန်တွေ ကို ရောနှောရောင်းချနေတယ်လို့ သိရပါတယ်။\"အအေးဖျော်တဲ့ အဆီပုလင်းဝယ်တာ ၂၀၂၃ ဆယ်လပိုင်းက သက်တမ်းကုန်တာတွေကိုရောင်းပေးလိုက်တယ်။ အိမ်ရောက်မှ ကြည့်မိတော့ အကုန်သွန်ပစ်လိုက်ရတယ်\" လို့သံတွဲ‌ဒေသခံတစ်ဦးက ပြောပါတယ်။သက်တမ်းကုန်နေသော စားသောက်ကုန်များတွေကို မဖျက်ဆီးပဲ သက်တမ်းမကုန်တဲ့စားသောက်ကုန်များနဲ့ ရောနှောရောင်းချနေတာကြောင့် သတိထားဝယ်ယူဖို့ လိုအပ်နေပါတယ်။\"သူတို့က သက်တမ်းမကုန်သေးတဲ့ စားသောက်ကုန်တွေကို…