မောင်တောမြို့ ၊ မြို့သူကြီးအခြေစိုက် အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းအာရက္ခတပ်တော်က ဗီဒီယို ၊ ဓာတ်ပုံများနဲ့တကွ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ကြေညာချက်မှာ အာရက္ခတပ်တော် AA ရဲ့ တပ်သားတွေဟာ မြေအောက်လှိုင်ဂူ လမ်းကြောင်းကို တူးဖော်ပြီး စစ်ဆင်ရေးကို ဆင်နွဲနေတဲ့ ပုံရိပ်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။

“အထဲကို ဝင်ဖို့ ပတ်ပတ်လည် မှိုင်းထောင်ထားလို့ မြေအောက်လှိုင်ဂူ တူးပြီးဝင်ဖို့ ဗျူဟာချပြီးနောက်မှာ နိုဝင်ဘာလ အစကတည်းက အဲ့ဒီ မြေအောက်လှိုင်ဂူ လမ်းကြောင်းကို တူးခဲ့ကြတာ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မောင်တောမြို့ (နခခ-၅) ဟာ သံဆူးကြိုး (၂) ထပ်ကာရံထားပြီး တစ်ခုနှင့်တစ်ခုအကြားမှာ သတ်ကွင်းများကို ကောင်းစွာပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ တချို့နေရာတွေမှာ ပေ ၂၀ ခန့်ကျယ်တဲ့ ရေမြောင်းတွေကို ဖောက်လုပ်ပြီး စူးချွန်တွေကိုလည်းထောင်ထားတယ်လို့ ဆိုပါတယ်။

ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိပြီး လေးဖက်လေးတန်မှာ အခိုင်အမာ တည်ဆောက်ထားတဲ့ ဘန်ကာ (၂၀)ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း (၁၀၀) ကျော်ရှိကာ စခန်းအတွင်း၌ ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး (၃၀) ကျော်လည်းပါဝင်တယ်လို့ ထုတ်ပြန်ချက် က ဆိုပါတယ်။
စခန်းရှေ့ပတ်ပတ်လည်နီးပါးမှာ ချောင်းတစ်ခု ကာဆီးထားပြီး အလွယ်တကူ ဖြတ်သန်းဖို့ မလွယ်ကူသောအနေအထားမျိုးဖြင့် တည်ရှိနေတာဖြစ်ပါတယ်။
“မိမိတို့ အာရက္ခစစ်သည် တော်များသည် တစ်လက်မချင်းတိုး၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည့် စခန်းကြီးဖြစ်ပြီး ဤစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားသော M14 မိုင်း ပေါင်း (၁၀၀၀) ကျော်ကို ရှင်းလင်းရရှိခဲ့သည်။ အာရက္ခမိုင်းရှင်းလင်းရေးစစ်သည်တော်အချိုလည်း အသက်နှင့်ကိုယ်လက်အင်္ဂါတိုကို စွန့်လွှတ်ပေးဆပ်ခဲ့ရသည်။” လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

မောင်တော နခခ (၅) တိုက်ပွဲ ထုတ်ပြန်ချက်မှာ ရာနဲ့ချီတဲ့ တပ်သားတွေ အလင်းဝင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၅၀ ကျော်သေဆုံးခဲ့တယ်လို့လည်း ထည့်သွင်းထားပါတယ်။
အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကြည်း/ ၂၆၈၉ရ ၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ကြည်း/၆၁၃၃၅ (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားတို့ နဲ့ RSO၊ ARSA၊ ARA နှင့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ သင်တန်းပေးထားတဲ့ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
Lemon (လေးဝတီ FM )


Здесь доступны как классические игровые автоматы, так и современные видеослоты.
Casino Pinco
Сайт адаптирован для мобильных устройств и ПК.
нейросеть для рефератов нейросеть для рефератов .
Трансферная служба Transfer Easy работает в Анапе и Краснодарском крае, обеспечивая комфортную доставку между аэропортами, отелями, вокзалами и межгородские поездки от 500 рублей с фиксированной ценой без скрытых доплат. Онлайн-бронирование доступно на http://transfer-easy.ru/ — заказ оформляется за минуты. Автопарк включает шесть классов: Комфорт, Бизнес, Представительский, Минивэн, Микроавтобус и Автобус до 50 мест — все иномарки не старше пяти лет с запретом на курение. Водители встречают пассажиров с именной табличкой, помогают с багажом и бесплатно ожидают при задержке рейса.
https://lutner.ru/bitrix/redirect.php?goto=https://www.deviantart.com/shelbycruz24
https://zookompleks.ru