Laywaddy FM

တောင်ကုတ် က ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေက တောထဲမှာရွာသားတွေကို ပစ်ခတ်နေ

တောင်ကုတ် က ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေက တောထဲမှာရွာသားတွေကို ပစ်ခတ်နေ

အာရက္ခတပ်တော် AA က အလုံးစုံထိမ်းချုပ်ထားပြီးဖြစ်တဲ့ တောင်ကုတ်မြို့ ပတ်ဝန်းကျင်မှာ ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ တောထဲမှာ တွေ့တဲ့ ဒေသခံတောင်သူတွေကို ပစ်ခတ်မှုတွေ ရှိနေပါတယ်။

ဒီဇင်ဘာ ၂၀ ရက် ညနေ ပိုင်းမှာ တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက် သခ်ျိုင်းရွာ အနီးမှာ ထင်းခုတ်နေတဲ့ ရွာသားတစ်ဦးကို တောထဲမှာလျှောက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

“သချိုင်း ကျေးရွာ ကျောက်ကွင်းနားမှာထန်းခုတ် နေတာမှာ ပစ်သွားတာပါ ၊ ဘယ်ဘက်ပေါင်ကို ကျည်ဖောက်ဝင်သွားပါတယ်၊ ဒဏ်ရာက ပြင်းပါတယ် “ လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားရဲ့ ပစ်ခတ်မှုကြောင့် တောင်ကုတ်မြို့ ဦးသိန်းအောင် အမည်ရှိ သက်ကြီးပိုင်းအမျိုးသား တစ်ဦး ဒဏ်ရာ ရှိခဲ့ခြင်းဖြစ်ပါတယ်။

တောင်ကုတ်မြို့ စကခ(၅) လက်အောက်ခံတပ်ရင်းတွေ အားလုံးကို သိမ်းပိုက်ပြီးဖြစ်ပေမယ့် ၊အဲ့ဒီတပ်မ ထဲက အရာရှိ တွေဟာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

စကခ(၅) က ဗိုလ်မှူးချုပ်ကောင်းမြတ်နဲ့ ဗျူဟာမှူး အဖွဲ့ ဟာ အချုပ်သားတွေကို လူသားဒိုင်းလုပ်ပြီးထွက်ပြေးခဲ့ပြီး အဲ့ဒီအချုပ် သတင်းအချက်အလက် ပျောက်ဆုံးသွားတာဖြစ်ပါတယ်။

အမ်းချောင်းသူ လေးဝတီ(FM)ရေးသည်။

Kay Zue

Related Posts

One thought on “တောင်ကုတ် က ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေက တောထဲမှာရွာသားတွေကို ပစ်ခတ်နေ

Leave a Reply

Your email address will not be published. Required fields are marked *