ဆိုးဆိုးရွားရွား လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် လူထောင်ပေါင်းများစွာသေဆုံးခဲ့ရတဲ့ အတွက် စစ်ကောင်စီဟာ တစ်ပတ်တိတိ ဝမ်းနည်းကြောင်း ကြေညာတယ် ဆိုပြီးထုတ်ပြန်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း လေကြောင်း နဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကို ပြုလုပ်နေပြီး စစ်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားကျေးရွာတွေကို လေကြောင်း နဲ့ နေဗီက တိုက်ခိုက်လျှက်ရှိပါတယ်။
မတ်လ ၃၀ ရက်မှာ ကျောက်ဖြူမြို့နယ် ၊ ကုလားဘာရွာကိုလေကြောင်းက ဗုံးကြဲခဲ့သလို ၊ မတ်လ ၃၁ ရက်မှာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာကို ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
“ရေတပ်က ပစ် တာက ရွာထဲ ကို တစ်လုံး ၊ ဘုန်းကြီးကျောင်းကို တစ်လုံး ၊ လမ်းမကြီးကို တစ်လုံးကျတယ်၊ ဆရာတော် ပျံတော်မူတယ်။ နောက်ပြီး အရပ်သား တစ်ဦးသေဆုံးပါတယ် “ လို့ သတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
ဆက်ပြီးတော့ ဧပြီ ၁ ရက်နေ့ မနက်အစောပိုင်းမှာ မြောက်ဦးမြို့ကို လေကြောင်းက လာရောက်ဗုံးကြဲခဲ့ပြီး အမျိုးသား တစ်ဦးသေဆုံးခဲ့ပါတယ်။
“မြောက်ဦးမှာတော့နေရာ လေးခု ကို ဗုံးကြဲသွားတာပါ ၊ အမျိုးသား တစ်ဦးသေဆုံးပါတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ် ။
စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သဘာဝဘေး ကာကွယ်ရေး စီမံချက်တွေကို ညွှန်ကြားနေတဲ့ ပုံတွေ နဲ့ ဝါဒဖြန့်ထားပေမယ့်
သဘာဝဘေးကဲ့သို့ လူစုလူဝေးနဲ့ သေဆုံးနိုင်တဲ့ လက်နက်တွေကို ဖောဖောသီသီ အသုံးပြု နေတာဖြစ်ပါတယ်။
ဓာတ်ပုံ -ပုံဟောင်း
A convenient car catalog https://auto.ae/catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.
yacht rental Montenegro all inclusive Montenegro yacht charter
Watch UFC Broadcast https://ufc-white-house.com
Пробелмы с финансами? https://financedirector.by анализ стратегий планирования, управления денежными потоками и инвестициями. Практические примеры, инструменты финансового менеджмента и эффективные решения для устойчивого развития бизнеса.
Любишь рыбалку и азарт? игра биг басс бонанза популярный онлайн-слот с рыболовной тематикой. Бонусные фриспины, ловля символов и множители создают динамичный геймплей с шансом на крупные выигрыши и увлекательную атмосферу.