ရခိုင်ရိုးမ ပေါ်မှာရှိတဲ့ နတ်ရေကန်ဗျူဟာ ကို ဧပြီလ ၂၅ ရက်ကတည်းက စတင်ပြီး စစ်ကောင်စီဘက်က လူအင်အား နဲ့ လက်နက်အင်အားတွေ ဖြည့်တင်းနေတယ်လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီယက်က အပစ်ရပ်သက်တမ်းတိုးကြောင်းထုတ်ပြန်ထားပေမယ့် မြေပြင်မှာ လူအင်အား လက်နက်အင်အားစုဆောင်း တိုးချဲ့နေတာလည်းဖြစ်ပါတယ်။ ဒါအပြင် ဒရုန်းနဲ့ လက်နက်ကြီးတွေ ကိုလည်း နတ်ရေကန် ဗျူဟာ အနီး ဝန်းကျင်မှာ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
“သူတို့အင်အားဖြည့်တာ၃ ရက်လောက်ရှိပြီး ညဘက်တွေ ဆို ကားတွေ နဲ့ တက်လာပြီး ဖြည့်တယ်။ အဓိကဗစီရွာနင့် လိုင်ရွာတောလမ်းဖက်ကသွားတယ်”လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီသည်နတ်ရေကန်ဗျုဟာကုန်းကိုအာရက္ခတပ်တော်ရဲ့၀ိုင်းရံမူကိုခံထားရသော်တောလမ်းမှတဆင့်ဗစီကျေးရွာနင့်လိုင်ကျေးရွာတို့ဖက်မှတက်ကာလူအင်အားလက်နက်အင်အားတို့ကိုယခုရက်ပိုင်းအတွင်းဖြည့်တင်းခဲ့သည်ဟုမျက်မြင်ဒေသခံတစ်ဉီးမှလေး၀တီFM သောပြောပါတယ်။
စစ်ကောင်စီဘက်က နတ်ရေကန်အနီး ၄ မိုင်ခန့်အကွာတိုက်စည်း(နယ်ခြားစည်း)ဖက်တို့ကို လည်း ဒရုန်းနင့်လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
“အပစ်ရပ်ထားလို့နာမည်ပါနေ့တိုင်းနတ်ရေကန်မှလက်နက်ကြီးပစ်တယ်ဒရုန်းနဲ့ဗုံးကြဲတယ်တခါတရံဂျက်လည်းလာချတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ရခိုင်ရိုးမပေါ်က ရခိုင်ပြည်ဘက်အခြမ်းကို အာရက္ခတပ်တော် AA ဘက်က ထိမ်းချုပ်ထားပြီး ပဲခူးတိုင်းနဲ့၊ မကွေးတိုင်းတို့ ကို ထိုးစစ်ချဲ့ထွင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း နတ်ရေကန်ဗျူဟာကို မကျစေရေးအတွက် အပြင်းအထန် အင်အားတွေ တိုးချဲ့နေတာဖြစ်ပါတယ်။
အဉ္စနလီညှင်း ၊လေး၀တီFM
References:
Real vegas casino casino-online-spielen-kostenlos.online-spielhallen.de
References:
Neue online casinos 2023 online casino login
References:
Poker desire https://winesandjobs.com/companies/attention-required-cloudflare-3