Laywaddy FM

သံတွဲမြို့သစ်ငုတ်တိုရွာကို စစ်ကောင်စီဗုံးကြဲ စစ်ရှောင်တစ်ဉီးသေဆုံး

သံတွဲမြို့သစ်ငုတ်တိုရွာကို စစ်ကောင်စီဗုံးကြဲ စစ်ရှောင်တစ်ဉီးသေဆုံး

ရခိုင်ပြည် ၊ သံတွဲမြို့ နယ်က သစ်ငုတ်တိုကျေးရွာကို နိုဝင်ဘာ ၂၄ ရက်မွန်းလွဲပိုင်းက စစ်ကောင်စီလေကြောင်းက တိုက်ခိုက်ခဲ့ပြီး သပြုချိုင်(မေရိုးဘေး) ရွာကနေ လာရောက်စစ်ရှောင်နေတဲ့ စစ်ရှောင် တစ်ဉီးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်မှုမှာ သစ်ငုတ်တိုကျေးရွာက ရွာခံ ဉီးသိန်းတန် ရဲ့ အိမ်ကို တည့်တည့်ကျရောက်ခဲ့ပြီး အဲ့ဒီမှာ စစ်ရှောင်ဖို့ ရောက်နေတဲ့ မောင်ခိုင်ဇော် အသက် ၁၆ နှစ် ဟာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။

“ကလေးက တော့ ပွဲချင်းပြီးသေသွားတယ်။ တစ်အိမ်လုံးလည်း ရစရာမရှိအောင်ပျက်စီးသွားတယ်၊ ဒီမှာ ဘာစစ်ပွဲမှ မရှိဘူး ၊ စစ်ရှောင်တွေပဲရှိပါတယ်” လို့ ဒေသခံ က ပြောပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဉီးတင်ရွှေ ၊ ဉီးသိန်းတန် ၊ မခိုင်ဇင်ထွေး တို့ဟာလည်း ပြင်းထန်တဲ့ ဒဏ်ရာ နဲ့ ဆေးကုသဖို့ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်တိုက်ပွဲတွေ အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်တယ် လို့ AA က ထုတ်ပြန်ထားပါတယ်။

အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

5 thoughts on “သံတွဲမြို့သစ်ငုတ်တိုရွာကို စစ်ကောင်စီဗုံးကြဲ စစ်ရှောင်တစ်ဉီးသေဆုံး

  1. Casino Pinco предоставляет доступ к современным слотам и популярным играм.
    Pinco Casino
    Сайт адаптирован для мобильных устройств и ПК.

  2. После просмотра статистики NBA наткнулся на сравнение зарплат игроков NBA https://www.auto-poltava.com/vy-tratite-dengi-na-bilety-ne-ponimaya-kak-oni-popadayut-v-karmany-zvyozd-nba-61034.html, всё объясняется очень доступно для фанатов НБА.

Leave a Reply

Your email address will not be published. Required fields are marked *