ရခိုင်ပြည် ၊ ဂွမြို့ပေါ်က ခမရ ၅၆၂ တပ်ကို စစ်ကူပို့တဲ့ စစ်ကြောင်းနဲ့ အာရက္ခတပ်တော် AA တို့ ဂွမြို့အနီး က ရိုးတောင်ကြားမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့ကတည်းက ဧရာဝတီတိုင်းက နေ အင်အားဖြည့်ဖို့ စေလွှတ်ခဲ့တဲ့ အင်အား ၂၀၀ ပါတဲ့စစ်ကြောင်းနဲ့ အာရက္ခတပ်တော်တို့ဟာ ဂွမြို့ရိုးတောင်အဆင်းမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာခဲ့တာ သုံးရက်ကြာမြင့်ပြီ လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“သူတို့ ကားနဲ့ ရိုးတောင်လက်နက်ကြီး ယာယီအထိုင်စခန်းက တဆင့်ပို့လိုက်တာ ၊ ခမရ ၅၆၂ ကိုမရောက်နိုင်ဘဲလမ်းမှာတိုက်ပွဲဖြစ်နေကြတာ သုံးရက်လောက်ရှိပါပြီ “ လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဂွမြို့ စစ်မြေပြင်ထဲမှာရှိတဲ့ ခြေလျှင်တပ်အင်အားတွေ တဖြည်းဖြည်းလျော့နည်းလာလို့ စစ်ကူစစ်ကြောင်းတွေကို အခုလို ထပ်မံပို့လွှတ်နေတာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေတဲ့ အတွက် စစ်ကောင်စီဟာ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြို့တွင်းက နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့သတင်းရရှိပါတယ်။
“အခုကမြို့ထဲကိုပါ လေယာဉ်နဲ့ပစ်တယ်။ မြို့စျေးနားနဲ့ ရဲစခန်းအနီးအနား အိမ်တွေပျက်စီးတယ်။ မနေ့ညက ရဲစခန်းကိုပစ်လို့စခန်း ထဲက လိုင်းတန်းတွေပျက်စီးသွားတယ်” လို့ သတင်းရင်းမြစ် က ပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်စစ်မျက်နှာပြင်မှာ အရှုံးနဲ့ ရင်ဆိုင်နေရပြီး ဒေသခံပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်လျှက်ရှိပါတယ်။
အမ်းချေင်းသူ (လေးဝတီFM)ရေးသည်။
References:
Slot madness casino
References:
https://bookmarkzones.trade/story.php?title=top-10-online-casinos-in-canada-our-march-2026-guide
References:
Buy illegal steroids online
References:
https://code.dsconce.space/mitchellgender