Tag: AA

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို စစ်ကောင်စီဆက်လုပ်နိုင်မှာလား
ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကိုဆက်လက်အကောင်အထည်ဖော်ဖို့ မြန်မာနဲ့ တရုတ်အမျိုးသားပိုင်ကုမ္ပဏီ (CITIC)တို့ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမယ့်အချက်တွေနဲ့ စပ်လျဉ်းတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီလ ၂၁ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ (၁)မှာ ကျင်းပခဲ့တယ်။ အစည်းအဝေးမှာ စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် အစုရှယ်ယာရှင်တွေနဲ့ သက်ဆိုင်တဲ့ သဘောတူစာချုပ်ပါအတိုင်း စီမံကိန်းမစတင်ခင် ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမယ့် မြန်မာဘက်က ဆောင်…

မလေးရှားမှာ မြန်မာနိုင်ငံသား ငါးရာကျော် ဖမ်းဆီးခံရတဲ့ အထဲ ရခိုင်ရွေ့ပြောင်းအလုပ်သမား အများအပြားပါဝင်
မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် (selongor) ကလန်း (Kalang) မဲရူး (Meru) ဈေးကြီးမှာ အထောက်အထား မပြည့်စုံတဲ့ မြန်မာနိုင်ငံသား ၅၃၀ ကို ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက ဖမ်းဆီးခံထားရပြီး အဲ့ဒီအထဲမှာ ရခိုင်ရွှေ့ပြောင်းအလုပ်သမား အများအပြားပါဝင်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေအထဲမှာ မြန်မာနိုင်ငံသား ၅၃၀…

ဒေးလ် မိုဟာမက် (သို့မဟုတ်) အာရက္ခပြည်မှာ စစ်မီးမွှေးနေတဲ့ မှောင်ခိုသမား
ဒေးလ် မိုဟာမက် ဆိုတဲ့ နာမည်ဟာ ယုံကြည်မှုရဲ့ ပြယုဒ်တစ်ခုတော့ မဟုတ်ပါဘူး။သူဟာမြန်မာစစ်တပ်ရဲ့ မှောင်ခိုလုပ်ငန်းတွေမှာ ကြားလူအနေနဲ့ ကာလရှည်ကြာလုပ်ဆောင်နေတဲ့ရာဇဝတ်သားတစ်ယောက်ပါ။ အခုအချိန်မှာတော့ ရိုဟင်ဂျာ ပဋိပက္ခရဲ့ အန္တရာယ်များလှတဲ့အခန်းသစ်တစ်ခုကို ဦးဆောင်လို့နေပါတယ်။ အာရက္ခဒေသမှာတင်မက ဘင်္ဂလားဒေ့ရှ်မှာပါ လှုပ်ရှားနေပြီး ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့တွေအတွက် အဓိက လူသစ်စုဆောင်းပေးသူပါ။ သူဟာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ…

ဓည၀တီရေတပ်ဌာနချုပ် တိုက်ခိုက်ခံရ ၊လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာရွေ့ပြောင်း
ရခိုင်ပြည် ကျောက်ဖြူအခြေစိုက် ဓည၀တီရေတပ်ဌာနချုပ်ကို ဖေဖော်ဝါရီလ ၂၂ ရက်မနက်ပိုင်းမှာ AA ဘက်ကက တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီရေတပ် တိုက်ခိုက်ခံရပြီးနောက်မှာ ရေတပ်ဌာနချုပ်အနီးက ကျေးရွာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ "မနေ့ည က AA ဘက်က ရေတပ်ကို ပစ်ခတ်သံက…

ရခိုင်စစ်ရှောင်တွေ အတွက်ကောက်ခံထားတဲ့ အလှူငွေတွေကို လိမ်လည်မှု ဖြစ်ပွား
မလေးရှားနိုင်ငံရောက် ရခိုင်ရွှေ့ပြောင်းအလုပ်သမား တွေဟာ ရခိုင်ပြည်သိမ်းစစ်ပွဲကြီးအတွင်းမှာ အိုးအိမ်စွန့်ခွာနေထိုင်ကြရတဲ့ စစ်ဘေးသင့်ပြည်သူတွေ အတွက် အလှူငွေကောက်ခံခြင်း ၊ လွှဲပြောင်းခြင်းတို့ကို ပြုလုပ်လျှက်ရှိပါတယ်။ မလေးရှားနိုင်ငံ ကာဂျန်းမြို့ရောက် ရခိုင်ရွှေ့ပြောင်းအလုပ်သမား တချို့ဟာ ဒီလထဲမှာ စစ်ဘေးရှောင်တွေ အတွက် အလှူငွေကောက်ခံသူလည်းဖြစ်၊ ငွေထုတ်ငွေလွှဲဝန်ဆောင်မှုလုပ်သူလည်း ဖြစ်တဲ့ ရခိုင်လူမျိုးတစ်ဦးဆီမှာ လိမ်လည်ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ဒီလိုအလှူငွေတွေကို…

ရခိုင့်သယံဇာတ ကျိန်စာ အဆုံးသတ်တော့မှာလား အပိုင်း(၂)
ရခိုင်ပြည်တွင်း ယခုဖြစ်ပွားနေသော စစ်ပွဲများသည် သဘာဝသယံဇာတဆိုင်ရာ ရပိုင်ခွင့်များတစ်ခု တည်းသက်သက်ကြောင့် မဟုတ်သော်လည်း သဘာဝသယံဇာတကဏ္ဍသည် အဓိကအကြောင်းအရာများထဲမှ တစ်ခုဖြစ်သောကြောင့် စစ်ပွဲများချုပ်ငြိမ်း၍ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှုတွင် ရခိုင့်သယံဇာတများကို မည်သို့ စီမံခန့်ခွဲကြမည်ဆိုခြင်းသည် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ ရခိုင့်သဘာဝသယံဇာတဆိုင်ရာ ဆွေးနွေးပွဲများကို ပြုလုပ်ကြရာ၌ (က) ဆွေးနွေးပွဲအတွက် အခြေခံ လိုအပ်ချက်များ (ခ)…

ရခိုင့် သယံဇာတကျိန်စာ အဆုံးသတ်တော့မှာလား အပိုင်း(၁)
ရခိုင်ပြည်သည် သဘာဝသယံဇာတနှင့် တကွ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ မဟာဗျူဟာမြောက် သော ပထဝီဝင်အနေအထားကို ပိုင်ဆိုင်သော်လည်း မြန်မာတစ်ပြည်ထောင်စနစ်အောက်တွင် အရာခပ်သိမ်း ဆုံးရှုံးခဲ့ရသည်။ ရခိုင့်သဘာဝဓာတ်ငွေ့သာမက ရခိုင့်ပင်လယ်ပြင်သည်လည်းကောင်း၊ ရခိုင့်သစ်တောများ သည်လည်းကောင်း ရခိုင်တို့က အကျိုးခံစားခွင့်မရဘဲ ယင်းသယံဇာတများကြောင့်ပင် ရခိုင်ပြည်သူများ ကျိန်စာသင့်ခဲ့ကြရသည်။ အာရက္ခတပ်တော်သည် ၂၀၂၃ ခုနှစ်…

ပေါက်တောမြို့ နဲ့ အနီး အနားက ကျေးရွာတွေကို အကြိမ်သုံးဆယ် ထက်မနည်း ဗုံးလာကြဲ
အာရက္ခတပ်တော် AA ထိမ်းချုပ်နယ်မြေဖြစ်တဲ့ ရခိုင်ပြည် ပေါက်တောမြို့ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ တစ်ရက်တည်းမှာ အကြိမ် ၃၀ ထက်မနည်း လေကြောင်းက ဗုံးလာကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။ ပေါက်တောမြို့နယ် ၊ဆင်တက်မော် မူဆလင်ရွာ ၊ ငပီကျွန်းရွာ ၊ ဆင်တက်မော်ဘောဒလီရွာ၊ တောင်ချောင်း ရွာ…

ညောင်ကျိုးစခန်း ကို အပြင်းအထန်ထိုးစစ်ဆင်
ပဲခူးတိုင်း ပန်းတောင်းမြို့နယ် အတွင်းက ညောင်ကျိုးစခန်းကို အာရက္ခတပ်တော်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်တချို့ နောက်ဆုတ်သွားတယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၁၈ ညနေပိုင်းကစပြီး ညောင်ကျိုးစခန်းကို ဟောင်ဝှစ်ဇာလက်နက်ကြီး အပါအဝင် အတွဲလိုက်ဒုံးတွေနဲ့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတယ် လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ "ညောင်ကျိုး…

ဒုရဲမှူးကြီး တစ်ယောက်အပါအဝင် စစ်သုံ့ပန်းအချို့ AA ပြန်လွှတ်ပေး
ဒုရဲမှူးကြီးတစ်ယောက်အပါအဝင် စစ်အသုံ့ပန်း အချို့ကို အာရက္ခတပ်တော်က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ပြန်လည် လွှတ်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ရခိုင်ပြည်သိမ်းတိုက်ပွဲကြီးအတွင်းမှာ ထောင်နဲ့ ချီတဲ့ စစ်သုံ့ပန်းတွေ နဲ့အတူ တပ်မိသားစုဝင်တွေကို အာရက္ခတပ်တော်က ထိမ်းသိမ်းထားပြီး တချို့ကို ပြန်လွှတ်ပေးနေတာ ဖြစ်ပါတယ်။ အခုလိုစိစစ်ပြီးပြန်လွှတ်တာဟာ ဒုတိယအကြိမ် ရှိပြီဖြစ်ပြီး ဒုရဲမှူးကြီးအဆင့်ရှိသူ…