Tag: AA
တရုတ်ဖိအားကြောင့် ကျောက်ဖြူတိုက်ပွဲများ ပိုမိုပြင်းထန်လာ
တရုတ်က သူ့စီမံကိန်း အကောင်အထည်ဖော်မှုတွေ မထိခိုက်ဖို့ စစ်ကောင်စီကို ဖိအားပေးပြီးနောက်ပိုင်း ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရရှိပါတယ်။ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ တရုတ်သမ္မတနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ ဘေးကင်းလုံခြုံမှုရှိစေဖို့ အာမခံချက်ပေးခဲ့ရတာဖြစ်ပါတယ်။ မေလ ၁၀ ရက် ညပိုင်းမှာ စစ်ကောင်စီရဲ့ အင်အား ၂၀၀ ကျော်…
အာရက္ခပြည်က သက်ငယ်မုဒိမ်းမှု အတွက် တရားမျှတမှု ကို လူမှုအဖွဲ့အစည်း ၁၂ ခုက တောင်းဆို
"ဖားပြိုရွာဖြစ်စဥ်က အာရက္ခဒေသမှာ နေထိုင်နေကြတဲ့ အမျိုးသမီး၊ ကလေးသူငယ်၊ ပြည်သူလူထုအကုန်လုံးကို ခြိမ်းခြောက်လိုက်တဲ့ အမှုပါ။ အင်မတန်မှ ရက်ရက်စက်စက် မုဒိန်းပြုကျင့်ပြီး သတ်ဖြတ်ခံလိုက်ရတဲ့ ကလေးရဲ့ နေရာမှာ ဘယ်ကလေးသူငယ်မဆို၊ ဘယ်အမျိုးသမီးမဆို ဖြစ်သွားနိုင်ပါတယ်။ "လို့ Center for Social Research and Development (CSRD)…
ဂျိတ္တော ငါးဖမ်းဇုံ ကို ဒေသခံ တွေ ပြန်ဝင်ခွင့်မရသေး ၊ နယ်မြေမှူး ကို ဝေစုပေးပြီး ငါးဖမ်းနေရ
ရခိုင်ပြည် သံတွဲမြို့နယ် ဂျိတ္တော ငါးဖမ်းဇုံ က ကျော့ပိုက်လှေထွက် သူတွေဟာ ULA/AA ရဲ့ မြို့နယ်တာဝန်ခံ နဲ့ နယ်မြေမှူးတို့ ကို ဝေစုပေးပြီး ဖမ်းဆီးနေရတယ်လို့ သတင်းရရှိပါတယ်။ သံတွဲမြို့သိမ်းတိုက်ပွဲ နဲ့ ငပလီ ကမ်းခြေ သိမ်းတိုက်ပွဲ တွေ ပြီးဆုံးပြီး နောက်ပိုင်းမှာ ဂျိတ္တောဒေသခံတွေ…
ရခိုင်တံငါသည် ၆ ဦး ငါးရှာနေရင်း ဖမ်းဆီးခံရ
ရခိုင်ပြည်၊ပေါက်တောမြို့နယ် က တနိုင်တပိုင် ရေလုပ်ငန်းလုပ်ကိုင်တဲ့ ဒေသခံအမျိုးသား ၆ ဉီးကို စစ်တွေ ရေပြင် အနီးမှာ စစ်ကောင်စီက နေဗီက ဖမ်းစီးသွား တယ်လို့ သတင်းရရှိပါတယ်။ ရခိုင်ကမ်းရိုးတန်း ပေါက်တောမြို့နယ် ကနေ ထွက်ခွာသွားတဲ့ ကမ်းနီးရေလုပ်သား တွေ ဖြစ်တဲ့ ကိုခင်ကျော်ညွန့်၊ ကိုကုလား ၊ကိုအောင်ထက်လင်း၊…
အသက် မပြည့်သေးတဲ့ မိန်းကလေး တစ်ဉီးအဓမ္မပြုကျင့် သူသည် ဆေးကြောင်နေသူ ဖြစ်
ရခိုင်ပြည်၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာ က အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးကို တစ်ရွာတည်းနေထိုင်သူ က အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ထားခဲ့ပါတယ်။ မေလ ၆ ရက်နေ့ ညနေပိုင်းမှာ မူးယစ်ဆေးအလွန်အကျွန်သုံးစွဲမှုကြောင့် ဆေးကြောင်နေသူက အခုလို ကျူးလွန်ခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။ "သူ့ ကို သတ်ပြီး မုဒိ-မ်းကျင့် တဲ့လူက…
မြောက်ဦး နဲ့ တောင်ကုတ် မှာ နေရပ်ပြန်ဝင်သူများ မြေမြုပ်မှိုင်း အန္တာရယ်ကြုံနေရ
ရခိုင်ပြည်၊တောင်ကုတ်မြို့ နဲ့ မြောက်ဦးမြို့ တို့မှာ ပြန်လည်ဝင်ရောက်နေထိုင်ကြတဲ့ စစ်ရှောင်ပြည်သူ တွေဟာ မြေမြုပ်မှိုင်းတွေ ကြောင့်မကြာခဏ ထိခိုက်မှုတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။ မေလ ၆ ရက် ညနေပိုင်းက တောင်ကုတ်မြို့ကံပိုင်ရပ်ကွက်က အသက် ၇၂ နှစ်အရွယ် ဉီးကျော်ထွန်း အမည်ရှိ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ လယ်တော ကို…
ကျောက်ဖြူတိုက်ပွဲ ကာလမှာ အသေခံဒရုန်းတွေနဲ့ ကျေးရွာများကို စစ်ကောင်စီဗုံးကြဲနေ
စစ်ကောင်စီ ဘက်က အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်လိုက်ပေမယ့် ကျောက်ဖြူစစ်မျက်နှာမှာ လေကြောင်း ၊ လက်နက်ကြီး အပါအဝင် အသေခံ ဒရုန်းတွေ နဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရရှိပါတယ်။ မေလ ၆ ရက် ညနေပိုင်းက သစ်ပုတ်တောင်ရေတပ်ဌာနချုပ်က နေ လက်နက်ကြီးတွေ ၊ အသေခံဒရုန်းတွေကို အဆက်မပြတ်…
ဆေး နဲ့ စားနပ်ရိက္ခာတွေ သယ်ယူခွင့်မပြုတဲ့ အတွက် အမ်း-ပဒန်းရိုးမပေါ်က ချင်းတိုင်းရင်းသားကျေးရွာတွေ အစာရေစာပြတ်လတ်နေ
မကွေးတိုင်း ငဖဲမြို့ နဲ့ ပဒန်းမြို့ က ဆေး၀ါး နဲ့ စားနပ်ရိက္ခာတို့ကို တောင်ပေါ်ကျေးရွာတွေဆီ သယ်ယူခွင့်မပြုတဲ့အတွက် ရိုးတောင်ပေါ်မှာနေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားကျေးရွာတွေဟာ အစာရေစာပြတ်လတ်မှု ကို ကြုံတွေ့နေရတယ်လို့ သတင်းရရှိပါတယ်။ အမ်း-ပဒန်းလမ်းမပေါ် ရခိုင်ရိုးမ တောင်ခြေတလျှောက်မှာ ရှိတဲ့ ချင်းတိုင်းရင်းသားကျေးရွာတွေ ဖြစ်တဲ့ ဇမြွန်းရွာ ၊ချောက်တောင်ရွာ ၊ဂုတ်ကြီးရွာ…
အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းများခေါ်ယူနေ
အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ လက်အောက်မှာ ရှိတဲ့ ကျန်းမာရေးဌာနမှာ အလုပ်လုပ်ကိုင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေ ကို တရားဝင်စာထုတ်ခေါ်ယူနေတယ်လို့ သတင်းရရှိပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဧပြီလ ၂၅ ရက် ရက်စွဲနဲ့ ခေါ်ယူနေတာဖြစ်ပြီး အထက်တန်းပညာသင်ကြားပြီးတဲ့ အသက် သုံးဆယ်အောက်လူငယ်တွေ လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။ ပညာအရည်အချင်းအနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်ဖူးသူဖြစ်ရမယ် ၊ ဝေလံခေါင်ဖျားဒေသတွေက ပညာရေးခက်ခဲသူတွေ…
မြောက်ဉီးမြို့ နဲ့ ကျောက်တော်မြို့ က စစ်ဘေးရှောင်ပြည်သူတချို့ နေရပ်ပြန်ဝင်
ရခိုင်ပြည် ကျောက်တော် နဲ့ မြောက်ဦးမြို့နယ် တွေ က စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်စခန်းတွေကနေ ကိုယ့်နေအိမ်တွေကို ပြန်လည်ဝင်ရောက် နိုင် ဖို့ နေရာချထားခဲ့တယ်လို့ HDCO က ထုတ်ပြန်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ဉီးဆောင်ပြီး ၂၃၊ ဧပြီ ၊၂၀၂၅ နေ့ က…