Tag: Ann

နခခ(၅)တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း နဲ့ အဖွဲ့ နတ်မြစ်အတွင်းထွက်ပြေးနေ ၊
မောင်တော မြို့သူကြီးတပ်ရင်း နခခ(၅) မှာ တပ်မှူးအဖြစ်ကွက်ကဲခဲ့တဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့ အဖွဲ့ဟာ တိုက်ပွဲအတွင်းက ထွက်ပြေးပြီး နတ်မြစ်တလျှောက်မှာ မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီတပ်မှူးဟာ မောင်တောနခခ(၅) ကို သိမ်းပိုက်တဲ့ ညတွင်းချင်းမှာပင် တပ်သားအင်အား ၁၀၀ ဝန်းကျင်နဲ့ အတူ နခခ (၅) နောက်ပေါက်ကနေ…

နပခ ဌာန ချုပ်က တပ်စခန်းတွေ သိမ်းပိုက်ခံရပြီးနောက် အမ်း ကို စစ်ကြောင်းထိုးလာ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဂွင် က လွဲပြီးကျန်တဲ့ တပ်ရင်း တပ်မတွေ ကို သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော် AA က တရားဝင်ကြေညာပြီးနောက်မှာ စစ်ကောင်စီက စစ်ကြောင်းတစ်ခု ကို ထပ်မံ ပို့လွှတ်ခဲ့တယ် လို့ သတင်းရရှိပါတယ်။ ဒီစစ်ကြောင်းဟာ အမ်း ကို ပို့လွှတ်တဲ့ အထဲ မှာ…

မောင်တော နခခ(၅) အလုံးစုံ သိမ်းပိုက်ပြီးစီး( မြန်မာ-ဘဂ်လားဒေ့ရှ် နယ်စပ် တစ်ခုလုံး AA ထိန်းချုပ်)
ရခိုင်ပြည်နယ်စပ်မြို့ က မောင်တော နခခ (၅) ကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ ပြီး ဖြစ်တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၇ ရက် နေ့ မှာ သတင်းရရှိပါတယ်။ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ဒီဇင်ဘာ (၅)(၆) ရက်တွေ မှာ နခခ(၅) ရဲ့…

စစ်ကောင်စီ ရိက္ခာထောက်ပို့ ကားတန်း ကို အမ်း-ပဒါန်းလမ်းပိုင်းပေါ်မှာ PRA တိုက်ခိုက်(နိုဝင်ဘာလ ကနေ ဒီဇင်ဘာ ပထမ အပတ်ထိ စစ်ကောင်စီ ၅၀ ခန့်ကို ချေမှုန်းပြီးကြောင်းထုတ်ပြန် )
အမ်း-ပဒါန်းလမ်းပိုင်းကို အသုံးပြုပြီး နပခ ဌာနချုပ်ကို ရိက္ခာထောက်ပို့ ဖို့ တက်လာတဲ့ စစ်ကောင်စီ ရဲ့ စစ်ကားသုံးစီးကို ဒီဇင်ဘာ ၄ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ပြီးခဲ့ပြီး စစ်ကောင်စီ အင်အားအများအပြား ကျဆုံးခဲ့တယ်လို့ PRA (မကွေး) က ထုတ်ပြန်ပါတယ်။ မကွေးတိုင်း ငဖဲမြို့နယ် စွန်တက်ရွာနဲ့ လင်းတဲရွာကြား…

အမ်း မြို့မ ရဲစခန်းက ဒုရဲမူးကြီးဝင်းနိုင် အပါအဝင် အရာရှိ များထွက်ပြေး
ရခိုင်ပြည် ၊ အမ်းမြို့ က မြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ဒုရဲမှူးကြီး ဝင်းနိုင် အပါအဝင် အရာရှိ လေးဆယ်ဝန်းကျင်ဟာ အမ်းမြို့ စစ်ပွဲအတွင်းက ထွက်ပြေးသွားပြီး ခြေရာပျောက်နေတယ် လို့ လေးဝတီ FM က သတင်းရရှိပါတယ်။ အဲ့ဒီထွက်ပြေးသွားတဲ့ အဖွဲ့မှာ အမ်းမြို့ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့…

အမ်းနပခဌာနချုပ် ကို စစ်ကူလွှတ်လိုက်တဲ့ စစ်ကြောင်း ရိုးမထဲမှာ ပျောက်ဆုံးနေ(နှစ်ပတ်ကျော်ကြာသည်အထိ နပခ ကို မရောက်သေး)
ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့ကို စစ်ကူပို့လိုက်တဲ့ အင်အား ၄၀၀ ကျော်ပါရှိတဲ့ စစ်ကြောင်း တစ်ခုဟာ နပခ ဌာနချုပ် ဆီမရောက်ဘဲ ရခိုင်ရိုးမထဲမှာ ပျောက်ဆုံးနေတာ နှစ်ပတ်ကျော်ပြီလို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။ စစ်ကောင်စီဟာ နပခ ဌာနချုပ် ထဲ က အင်အား…

အမ်းနပခဌာနချုပ် ကိုAA စတင်ထိုးစစ်ဆင်
ရခိုင်ပြည် အမ်းမြို့က တပ်အင်အားတွေ စုပေါင်းထားတဲ့ အနောက်ပိုင်တိုင်း စစ်ဌာနချုပ်အတွင်း ကို အာရက္ခတပ်တော်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ စတင်ထိုးစစ်ဆင်နေတယ် လို့ သတင်းရရှိပါတယ်။ အမ်းမြို့ပေါ်မှာ ဖြန့်ပြီး နေရာယူထားတဲ့ တပ်ရင်း ၊ တပ်မတွေနဲ့ ခံစစ်စခန်းတွေ အကုန်လုံးကို နိုဝင်ဘာ ၃၀ ရက် က အပြီးသတ်သိမ်းပိုက်ပြီးနောက်မှာ…

တပ်ရင်း (၄) ခု ထပ်သိမ်းပြီးနောက် အမ်းမြို့ကို AA ထိမ်းချုပ်( နပခ ဌာနချုပ် သာ ထိုးစစ်ဆင် ရန် ကျန်ရှိ)
ရခိုင်ပြည် အမ်း မြို့ပေါ်မှာ ရှိတဲ့ တပ်ရင်း၊ တပ်မတွေ နဲ့ ခံစစ်စခန်းတွေ အကုန်လုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး အမ်းမြို့ကို ထိမ်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ တစ်ခုတည်းသာကျန်ရှိတော့တဲ့ နပခ ဌာနချုပ်ကို ထိုးစစ်ဆင်နေတယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။…

အမ်းမြို့ အထက (၂) ယာယီစစ်ဆေးရုံကို AA သိမ်းပိုက် ၊
နပခ ဌာနချုပ်ရှေ့မှာရှိတဲ့ အထက (၂) ယာယီစစ်ဆေးရုံ ကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီး ဆေးကုသပေးနေတဲ့ စစ်ကောင်စီ ရဲ့ တပ်မတော် ဆရာဝန် (၅)ဉီးကို သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့တယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။ နပခဌာနချုပ်ရဲ့ တပ်မတော်ကုတင် ၃၀၀ ဆေးရုံ နဲ့ ဆေးတပ်…

လေကြောင်းက ပို့တဲ့ စစ်ကြောင်းတစ်ခု အမ်းရိုးမ မှာ AA က လက်ရဖမ်းဆီး
ဌာနချုပ်တစ်ခုလုံး အပြင်းအထန် ထိုးစစ်ဆင်ခြင်းခံနေရတဲ့ အမ်းမြို့ ကို လေကြောင်းက စစ်ကူပို့ ခဲ့ပေမယ့် အဲ့ဒီ စစ်ကြောင်းကို အာရက္ခတပ်တော်က အမ်းမြို့အနီးက ရိုးမတော တနေရာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၇ ရက်က ညပိုင်းက အမ်းမြို့အနီးက ရိုးအဆင်းတနေရာမှာ လေကြောင်းကနေ…