Month: April 2024
သံတွဲ နဲ့ အနီးက ရွာတွေကို စစ်ကောင်စီ လေကြောင်းက နေ့ရော ညပါ တိုက်ခိုက်နေ
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ထဲ မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲနဲ့ အနီးတစ်ဝိုက်ကကျေးရွာတွေကို လေကြောင်းက နေ့ရော ညပါ တိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။\"ရွှေလှေ အနီးတစ်ဝိုက်က ရွာတွေကို လေကြောင်းက ပစ်တာ ၊ အကြိမ် သုံး ဆယ် ကျော်ပါပြီဒီနေ့ အများဆုံးပဲ ၊ အခုည…
သံတွဲတွင် စစ်ကောင်စီမှ လုံခြုံရေး အဆမတန် တိုးမြှင့်နေ
ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို စစ်ကောင်စီမှ စစ်ဆေးရေးဂိတ်မြောက်များစွာချကာ လုံခြုံရေးအဆမတန် တိုးမြှင့်နေကြောင်း သိရပါတယ်။\"သံတွဲကနေ ၁၀မိုင်ပဲ ဝေးတဲ့ ဂျိတ်တောအထိကို ဂိတ် ၆ ခု ချထားတယ်။ ဂိတ်တိုင်းမှာစစ်ဆေးနေတော့ ဒေသခံတွေ စိုးရိမ်ကြပြီး အသွားအလာ အရမ်းနည်းသွားကြတယ်\" လို့သံတွဲဒေသခံတစ်ဦးက ဆိုပါတယ်။သံတွဲ မှ ၁၀ မိုင် အကွာရှိ…
စစ်ကောင်စီက ရခိုင်တွင် လူမျိုးရေးပဋိပက္ခ ဖြစ်စေရန် လုပ်ဆောင်နေကြောင်း NUG ထုတ်ပြန်
အကြမ်းဖက်စစ်ကောင်စီက ရခိုင်ပြည်နယ်တွင် လူမျိုးရေး ပဋိပက္ခ အရှိန်မြင့်တက်လာအောင်ယုတ်မာကောက်ကျစ်သည့် အကြံဆိုးဖြင့် လုပ်ဆောင်နေကြောင်းကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။\"အကြမ်းဖက်စစ်အုပ်စုက လူမျိုးရေးပဋိပက္ခ ဖြစ်စေရန် ရည်ရွယ်ပြီး ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသည့် ရိုဟင်ဂျာများအား (တရားမဝင်အဓမ္မ) စစ်သားအဖြစ် စုဆောင်းခဲ့ပြီးစစ်သင်တန်းများ ပို့ချကာ လက်နက်များ တပ်ဆင်ပေးလျက်ရှိနေတယ်\" လို့ ဆိုပါတယ်။အလားတူ အကြမ်းဖက်စစ်တပ်အား…
မြောက်ဦးမှ မီးလောင်ခံထားရသောအိမ်များ ပြန်လည်တည်ဆောက်ရန် ၂၄၁သိန်း လှူဒါန်း
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ စစ်ကောင်စီမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့်မီးလောင်ပျက်စီးသွားသော နေအိမ်များ ပြန်လည်ပြင်ဆင် တည်ဆောက်ရန် ပြည်တွင်း ပြည်ပအလှူရှင်များကိုယ်စား ၂၄၁သိန်း ကျပ်ကို စာရေးဆရာ ကိုဝေဟင်အောင်ကလှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။\"တစ်အိမ်ထောင်ကို တစ်သိန်းနှုန်းနဲ့ မီးလောင်သွားတဲ့ အိမ် ၂၄၁ လုံးကို ကနဦးကူညီပေးခဲ့တာပါ။ ဆက်ပြီးတော့ ပုဏ္ဏားကျွန်း နဲ့ စစ်တွေမြို့နယ်ထဲက မီးထဲပါသွားတဲ့…
Arakan Army ကို Arakan Drug Army ဟု စစ်ကောင်စီ သုံးနှုန်း
အာရက္ခတပ်တော် Arakan Army ကို Arakan Drug Army လို့ စစ်ကောင်စီ ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က သုံးနှုန်းလိုက်တာဖြစ်ပါတယ်။\"AA မဟုတ်ပါဘူး။ ADA ပါ။ Arakan Drug Army ဖြစ်ပါတယ်။ သူတို့ရဲ့အဓိကစီးပွားရေးလုပ်ငန်းသည် မူးယစ်ဆေးဝါး သယ်ယူ/ပို့ဆောင် နေတဲ့ လုပ်ငန်းဖြစ်ပါတယ်\"လို့…
စစ်တွေတွင် မူဆလင်ကလေးငယ် ၈၀ကျော် ဝမ်းလျောကာ သေဆုံး
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်း နှင့် ကျေးရွာများမှ မူဆလင်ကလေးငယ် ၈၀ကျော်သည် ဝမ်းပျက်/ဝမ်းလျော ရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။\"ဒီလဆန်းလောက်ကတည်းက စဖြစ်တာ။ ဆေးဝါးက မရှိ။ အဲတော့ ဝမ်းလျောပြီးရောဂါဒဏ်မခံနိုင်တဲ့ ကလေးငယ်နဲ့ သက်ကြီးရွယ်အို ၈၀ ကျော် သေတယ်။ အခုထိဖြစ်နေသူတွေ ရှိတုန်းပဲ။ သေစာရင်းက ဒီထပ်…
မာန်အောင် မှ အိမ်ခြေ ၄၀၀ ခန့်ကို စစ်ကောင်စီက အတင်းပြောင်းရွှေ့ခိုင်းနေ
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သစ်ပုံကျေးရွာမှ ငှက်ပျောတော နှင့် အနောက်ပါးရပ်ကွက်မှအိမ်ခြေ ၄၀၀ ခန့်ကို စစ်ကောင်စီတပ်သားများမှ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေကြောင်းသိရပါတယ်။\"ဘာကြောင့် ဆိုတာတော့ ပြောမသွားဘူး။ လာမယ့် ၂၅ ရက်နေ့ နောက်ဆုံးထားပြောင်းပေးရမယ်ပဲ ပြောသွားတယ်\" လို့ သစ်ပုံကျေးရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။မာန်အောင်မြို့နယ် ပြင်ကောက်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည်ယနေ့…
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးဝင်းမြင့်ကို နေအိမ်အကျယ်ချုပ် ကိုပြောင်းရွှေ့လိုက်ကြောင်းသတင်းထွက်ပေါ်
ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဟောင်း ဦးဝင်းမြင့်ကို အချုပ်ထောင်တွေမှာ ထားရှိရာက နေအကျယ်ချုပ်ထားရှိဖို့ ပြောင်းရွှေ့လိုက်သလို ၊ အကျဉ်းသား ၃၀၀၀ ကျော်ကိုလည်း နှစ်ဆန်း ၁ရက် နေ့မှာ ပြန်လွှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။မြန်မာ့ နှစ်သစ်ကူးမှာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပြီး နိုင်ငံရေး အရ သူကောင်းဘွဲ့ခံအမြတ်ထုတ်တဲ့ အလေ့အထ လည်း…
ဘူးသီးတောင်မြို့တွင် အိမ် (၅၀)ခန့် မီးရှို့ခံရ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးအောင်သောင်းရွှေ နေအိမ်အပါအဝင် အိမ် (၅၀) ခန့် မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။“ဒေရုံးနဲ့ ဒေအိမ်ကိုမီးတိုက်ပြိုပျက်လားကေလည်း ဒေလုပ်ရပ်တိကတော့သမိုင်းမှတ်တမ်းတိယာယေ” (မြန်မာလို \"ဒီရုံးနဲ့ ဒီအိမ်ကို မီးရှို့ လို့ ပြိုပျက်သွားပေမယ့်ဒီလုပ်ရပ်တွေကတော့ သမိုင်းမှတ်တမ်းတွေပါဘဲ” လို့ ဦးအောင်သောင်းရွှေက သူ့ရဲ့လူမှုကွန်ရက်တွင် ရေးသားထားပါတယ်။လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေ နေအိမ် အပါအဝင်…
ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေး လွတ်ငြိမ်းဖြင့် ပြန်လွတ်လာ
စစ်ကောင်စီရဲ့ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌဒေါ်ညိုအေး ပြန်လည် လွတ်မြောက်လာကြောင်း သိရပါတယ်။ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးသည် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၃ရက်ကကျရောက်သည့် ၅၆နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ ဝမ်းနည်း အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်မှုကြောင့် မတရားဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။\"ဒေါ်ညိုအေး လွတ်လာတယ် မှန်ပါတယ်။ စစ်တွေထောင်က ၄၀…