ယနေ့ Friday, 27th December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

Category: သတင်း

Category: သတင်း

အမ်းမြို့အနီးက ကျေးရွာတွေကို လေကြောင်းက ဗုံးကျဲ ၊ကျေးရွာလေးရွာမှ ဒေသခံ အများအပြား လက်နက်ထိမှန် ဆေးရုံရောက်

ရခိုင်ပြည်နယ် အမ်းမြို့နယ် အနီးက ကျေးရွာတွေဟာ ဧပြီ ၇ ရက်နေ့ကစစ်ကောင်စီရဲ့လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခြင်းကိုခံရပြီး ဒေသခံ အမျိုးသမီး အမျိုးသားနှစ်ဆယ်ကျော်ဟာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမ်းဒေသ သတင်းရင်းမြစ်က သိရ ပါတယ်။အမ်းမြို့နယ် ကြောင်ဖြူကွင်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဂွေးကိုင်းကျေးရွာ ၊ပျဉ်တောင်ကြီးကျေးရွာ တို့ကို နေ့လည် ၁၂ နာရီ…

သံတွဲက စားသောက်ကုန်ဆိုင်အချို့ သက်တမ်းလွန်စားသောက်ကုန်များ ရောနှောရောင်းချနေ

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်ရှိ စားသောက်ကုန်‌ရောင်းချနေတဲ့ ကုန်စုံဆိုင်အချို့ဟာသက်တမ်းကုန် စားသောက်ကုန်တွေ ကို ရောနှောရောင်းချနေတယ်လို့ သိရပါတယ်။\"အအေးဖျော်တဲ့ အဆီပုလင်းဝယ်တာ ၂၀၂၃ ဆယ်လပိုင်းက သက်တမ်းကုန်တာတွေကိုရောင်းပေးလိုက်တယ်။ အိမ်ရောက်မှ ကြည့်မိတော့ အကုန်သွန်ပစ်လိုက်ရတယ်\" လို့သံတွဲ‌ဒေသခံတစ်ဦးက ပြောပါတယ်။သက်တမ်းကုန်နေသော စားသောက်ကုန်များတွေကို မဖျက်ဆီးပဲ သက်တမ်းမကုန်တဲ့စားသောက်ကုန်များနဲ့ ရောနှောရောင်းချနေတာကြောင့် သတိထားဝယ်ယူဖို့ လိုအပ်နေပါတယ်။\"သူတို့က သက်တမ်းမကုန်သေးတဲ့ စားသောက်ကုန်တွေကို…

တောင်ကုတ် အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုး ၊ ဒေသခံများ တိမ်းရှောင်နေရလူငယ်သုံးဦးကို ဖမ်းဆီးသွား

စစ်ကောင်စီဟာ တောင်ကုတ်နဲ့ အမ်းကြားက ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီးဒေသခံလူငယ် သုံးဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။တောင်ကုတ်မြို့နယ် ဆားပြင်၊ ကင်းတောင်၊ နွားချောင်း၊ ဘူးသီးကွင်း ၊ စတဲ့ ကျေးရွာတွေကိုစစ်ကြောင်းထိုးခဲ့ပြီး ကင်းတောင်ရွာ မှာ ကင်းပုန်းချထားတယ်လို့ ဆိုပါတယ်။\"သူတို့စစ်ကြောင်းထိုးတဲ့ လမ်းမှာ တောင်ပေါ်မှာ…

မောင်တောမြို့ ရဲ့ အကြီးဆုံးဗျူဟာကျပြီး စစ်ကောင်စီရဲ့ မြို့စောင့်တပ်တွေကိုအနီးစပ်ထိုးစစ်ဆင်ခံနေရဌာန ဆိုင်ရာလုပ်ငန်းအားလုံး ရပ်ဆိုင်း

ရခိုင်ပြည်နယ် မောင်တောမြို့ ရဲ့အကြီးဆုံးဗျူဟာဖြစ်တဲ့ ကြိမ်ချောင်း အမှတ် ၂၄ ဗျူဟာ ကိုရခိုင့်တပ်တော် AA သိမ်းပိုက်လိုက်ပြီး တိုက်ပွဲတွေဟာ မောင်တောမြို့နဲ့ အနီးဆုံးကိုရောက်ရှိလာပြီဖြစ်တယ်လို့ မောင်တော သတင်းရင်းမြစ် က ပြောပါတယ်။မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ် တစ်လျှောက်မှာ အခိုင်အမာ ဗျူဟာ ကျကျတည်ဆောက်နေရာယူထားတဲ့ ဒီစခန်းမှာ ကို သိမ်းပိုက်ပြီးနောက်မှာ AA…

စစ်ကောင်စီ ရဲ့ ဘူးသီးတောင် တပ်မတွေ အားလုံးနီးပါးကျပြီ

ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် ခမရ (၅၆၄)တပ်ရင်းကို ဧပြီလ ၅ ရက်နေ့မနက်ပိုင်းက အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဒီတပ်ရင်းဌာန အချုပ်သိမ်းပိုက်ပွဲမှာ ရခိုင်တပ်တော် ရဲ့အမျိုးသမီးစစ်သည်တွေ ပါဝင်ဆင်နွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ဘူးသီးတောင် အခြေစိုက် တပ်ရင်းဌာနချုပ်တစ်ခုဖြစ်တဲ့ ခမရ (၅၆၄) တပ်ရင်း နဲ့ အတူခမရ(၅၂၂)တပ်ရင်း ၊ ဘူးသီးတောင်မြို့တောင်ပဇား တပ်စခန်း…

ရခိုင်ပြည်အနှံ့က စစ်ပွဲတွေအဆုံးသတ်ဖို့ တရုတ်ကြားဝင်ညှိနှိုင်းပေးမယ်လို့ ဆို

ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ ကြားမှာ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေအမြန်ဆုံးအဆုံးသတ်ဖို့ တရုတ်အစိုးရက ကြားဝင်ညှိနှိုင်းပေးဖို့ ရှိတယ် လို့ ဧပြီ ၅ ရက်မှာတရုတ်အစိုးရပိုင် မီဒီယာ တွေက တဆင့်ပြောကြားခဲ့ပါတယ်။ဒီပြောကြားချက်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် Geng Shuang က…

မောင်တောခရိုင် ခရိုင်ထွေအုပ် ဦးဆောင်တဲ့ အဖွဲ့မြို့ကို စွန့်ခွာထွက်ပြေး

ရခိုင်ပြည်နယ် မောင်တောမြို့က အထွေထွေအုပ်ချုပ်ရေးမှူး နဲ့ သူရုံးဝန်ထမ်းတစ်ဦး ဟာ မြို့ကိုသိမ်းခံရတော့မယ့် အခြေအနေ မှာ သူအုပ်ချုပ်တဲ့ မြို့ကို စွန့်ခွာပြီးထွက်ပြေးသွားတယ်လို့ ဧပြီ ၆ရက်က BNA သတင်းဌာန က ဖော်ပြထားပါတယ်။ဧပြီ ၄ ရက် မနက်ပိုင်းက မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ပုန်းခိုနေတဲ့မောင်တောမြို့အဝင်မြို့သူကြီးရှိအမှတ် ၅ နယ်ခြားစောင့်တပ်ရင်း…

AA ကို ပြန်တိုက်ဖို့ ရခိုင်ပြည်တောင်ပိုင်းမြို့တွေ မှာ ဖိအားပေး ပြီး ပြည်သူ့စစ်ထဲ ဝင်ခိုင်းနေ

ရခိုင်ပြည်နယ် ထဲ က တိုက်ပွဲဧရိယာတွင်းမှာ စစ်ကောင်စီ အထိနာနေ ပေမယ့်တိုက်ပွဲမဖော်ဆောင်နိုင်သေးတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့တွေမှာ စစ်ကောင်စီကအနှောက်အယှက်ကင်းကင်းနဲ့ ပြည်သူ့စစ်တွေ ဖွဲ့စည်းပြီး စစ်သားစုဆောင်းနေနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ဧပြီလ ၁ ရက်နေ့ကနေ စပြီး ရခိုင်ပြည်နယ် သံတွဲမြို့နယ် ၊ မာန်အောင်မြို့နယ် ၊ ဂွမြို့နယ်တို့မှာရွာသားတွေကို ပြည်သူ့စစ်ထဲ ဝင်ဖို့…

နယ်စပ်ဖြတ်ကျော် ဝင်ရောက်၍ ထိုင်းနိုင်ငံ မှာ နေထိုင်ခြင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်မှာ စစ်ကောင်စီက လူငယ်တွေကို စစ်ပွဲထဲကိုခေါ်ဆောင်နေပါတယ်။ဒါကြောင့်လို့ လူငယ်တွေ အနေနဲ့ ကိုယ့်ညီနောင် တိုင်းရင်းသား အချင်းချင်း ပြန်တိုက်ရမယ့်စစ်မြေပြင်မှာ မပါဝင်လို ကြပါ။ဒါကြောင့် ပြည်ပ ထွက်ခွာလိုတဲ့ လူငယ်တွေ အများကြီးရှိလာပါတယ်။ အထူးသဖြင့်အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်းနိုင်ငံထဲကို ရတဲ့နည်းနဲ့ ဝင်ရောက်လာပါတယ်။အဲ့ဒီတော့ စစ်ထဲမဝင်ရပြီးရော …ဘယ်လို လာရမလဲ ပြောပေး…

\”သံတွဲ-ဂွ မြို့ တွေမှာ စစ်ကောင်စီ ရဲ့ ဂိတ် စောင့်တွေ အချင်းချင်း အဝေမတည့် မှု ပြသနာတွေ ထိမ်းမရ ဖြစ်နေ \”

ရခိုင်ပြည်နယ် မှာ လမ်းပိုင်းတွေကို ပိတ်ဆို့ပြီး လုပ်စားဂွင်တွေ ဖန်တီးထားတဲ့ သံတွဲ ၊ ဂွ မြို့တွေက အဝင်အထွက် ဂိတ်တွေမှာ ဂိတ်စောင့် စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေ အချင်းချင်းအဝေမတည့်မှု ပြသနာတွေ မကြာခဏ ဖြစ်နေတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းကသတင်းရရှိပါတယ်။\"မှောင်ခိုလမ်းကြောင်းက စားကုန်သောက်ကုန်တွေကို သယ်ရတယ်၊မှောင်ခိုလမ်းကြောင်းဆိုတာလည်း အဲ့ဒီ…